Part 403

440 55 1
                                    


အပိုင်း (၄၀၃)

သေရည်နတ်ဘုရားတွေဆို

ခန်းမထဲက အလှလေးများက တက်ကြွ ပျော်ရွှင်အောင် ဗုံများကို တီးခတ်ပေးကြသည်။

အနီရောင်ဝတ်စုံ လက်ကျယ်က ဆွဲဆောင်မှုရှိရှိဖြင့် ကျယ်ပြန့်လှပြီး သွယ်လျဖြူဖွေးသော ခါးလေးများက ကွေးညွှတ်လျက်။ တီးလုံးသံကြားမှာ ဗုံတီးသော တုတ်တံက နွားသားရေဗုံ၏ မျက်နှာပြင်ကို သေသပ်စွာ ရိုက်ခတ်နေလေသည်။

ရှောင်းယီက ခေါင်းကို မော့လိုက်သည်။ လည်ချောင်းဆီသို့ စီးဆင်းသွားသည့် သေရည်များက နှစ်ချို့ သေရည်များ ဖြစ်သည်။

ချန်အန်းကနေ ငွေအမြောက်အမြား အကုန်အကျခံပြီး သူဝယ်လာသော သေရည်နှင့် ယှဉ်လျှင် ဒီသေရည်အိုးများက စားမြိန်ဆေး လောက်သာရှိပြီး ကြည်လင်၍ ချိုမြိန်နေရုံ လောက်သာ မူးယစ်စေခြင်း မမြည်ပေ။

သေရည်တစ်ကရားကို သူက ရှင်းလင်းနေအောင် သောက်လိုက်သည်။

နှုတ်ခမ်းပါးထက်က သေရည်စက်များကို သုတ်ဖယ်၍ သူက စိတ်လွတ်နေသလို ပြုံးလိုက်ကာ "စိတ်ပျော်စရာပဲ"

သူက နန်းကျောင်းကျောင်း၏ ဖျားယောင်း သွေးဆောင်မှုကို ခံရပြီးကတည်းက သူ့ကို ကောင်မလေးက အလွန် ချစ်လှသည်။ သူ့ကို တင်းကျပ်စွာ ထိန်းချုပ်စေကာမူ သူမက သူ့အတွက် ကိုယ်ပိုင် စည်းကမ်းတွေလည်း ချမှတ်ထားသေးသည်။ နေ့တိုင်း သူ၏ အပေါင်းအသင်းများနှင့့်် ဆက်ဆံသောအခါ သေရည်သောက်ခွင့် မပြုပေ။

သူက ဒီလများ အတွင်း မူးယစ်သောက်စား ပျော်ပါးခြင်း မရှိခဲ့ရ။

သူက ဒုတိယ တစ်ကရားကို ယူလိုက်ပြီး နန်းပေါင်ရီ ပြန်မလာသေးခင်မှာ ဆက်၍ သောက်နေလိုက်သည်။

နန်းတွင်း ခန်းမဆောင်ထဲက မထွက်ခွာရသေးသော မိန်းကလေးများက သူ့ကို တစ်ချက် မကြည့်ဘဲ မနေနိုင်ကြ။ သူတို့က အလွန်အကျူး သောက်စားတတ်သော ယောက်ျားများကို မုန်းကြသည်။ သို့သော် ဒီနေ့တော့ နားလည် လိုက်ရသည်မှာ သူတို့က သေရည်သောက်ခြင်းကို မုန်းသည် မဟုတ်ဘဲ သေရည်သောက်ပြီး မူးယစ်နေသော ယောကျ်ားများ၏ ပုံစံဆိုးဆိုးကို မုန်းခြင်းဖြစ်သည်။

အာဃာတပြန်တမ်း (၃)Where stories live. Discover now