Part 413

384 44 0
                                    


အပိုင်း (၄၁၃)

"အရှင့်သား၊ ကျွန်မက မောင်းမတစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိပါတယ်"

ရှောင်းယီက လိမ္မော်သီးကို လှည့်နေသည်။

သူက ကျန်းမိန်းကလေးကို စောင်း၍ တစ်ချက် ကြည့်လိုက်ပြီး "ငါနဲ့လက်ထပ်ချင်တာလား ... "

ကျန်းရူယူက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ် လာသည်။

သူမက ရှက်ရွံ့စွာဖြင့် တွန့်ဆုတ်ဆုတ် ဖြစ်နေကာ အသံက ခြင်တစ်ကောင်လို "မင်းသားက ရှန်ကျင်းနဲ့ အဝေး တစ်နေရာကပေမယ့် မင်းသားရဲ့ ကောင်းသတင်းများကိုတော့ ကြားဖူးပါတယ်၊ မင်းသားက ယဲ့လန်ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး နိုင်ငံကို ကာကွယ် နိုင်ခဲ့တယ်၊ ပြီးတော့ ပြစ်မှုကျူးလွန်တဲ့ ဘုရင်ခံရွယ်ကိုလည်း ရှုံးနိမ့်သွားအောင် တိုက်နိုင်ခဲ့တယ်၊ ရှုနိုင်ငံအတွက်တော့ မြင့်မြတ်တဲ့ သူရဲကောင်း တစ်ယောက်ပဲ၊ ကျွန်မအတွက် မင်းသားနဲ့ လက်ထပ်ခွင့် ရတာက ကံကောင်းမှု တစ်ခုပါ"

မောင်းမကျန်းက ရုတ်တရက် မြှောက်ပင့် လာသည်။

"ဘယ်လောက်တောင် လိမ္မာတဲ့ ကလေးလဲ၊ တကယ်လို့ ချင်းယွမ်နဲ့ ချင်းဟဲ့မှာ လက်ထပ်ဖို့ ကတိထား ထားတာမရှိဘူး ဆိုရင် တကယ်ပဲ ရူယူကို ချွေးမလေးအဖြစ် လိုချင်လိုက်တာ"

သူမက ရှောင်းယီကို မုန်းပြီး ရှောင်းယီ၏ လက်ခုပ်ထဲမှာ ရှိနေသည့် စစ်ရေးအာဏာကို မနာလိုပေ။ ထိုသို့ ယောကျ်ားများကို စစ်ရေးမှာ တိုက်ခိုက် နိုင်တယ်လို့ ပြောခြင်းဟာ မိန်းမသားများသည် ယောကျ်ားများ၏ စိတ်ကို ဖမ်းစားခြင်းသာ ဖြစ်သည်။ တကယ်လို့ သူမ ရှောင်းယီကို လက်ထပ်ပြီးရင် ရှောင်းယီကို ထိန်းချုပ် လွှမ်းမိုးနိုင်မှာ ဖြစ်ပြီး ကျန်းမိသားစုကလည်း ရှောင်းယီနှင့် ပို၍ နီးကပ် လာပေလိမ့်မည်။

ဟိုခွေးမ ကျင်းမိဖုရားကတော့ ကျိန်းသေပေါက် စိတ်ဆိုးလွန်းလို့ သေသွားနိုင်သည်။

ရှောင်းယီက လှောင်ရယ်လျက် "ငါ့မှာ လက်ထပ်ဖို့ ကတိထားထားတဲ့ သူရှိတယ်"

အာဃာတပြန်တမ်း (၃)Where stories live. Discover now