အပိုင်း (၄၀၇)
ရှောင်းယီက နန်းပေါင်ရီ၏မေးဖျားလေးကို မြဲမြဲကိုင်ပြီး ငုံ့ကိုင်း၍ နမ်းရှိုက်လိုက်တယ်
သူမနိုးနေလေပြီ။
ရှောင်းယီက ငုံ့ကြည့်လိုက်ပြီး သူမ၏ နဖူးပြင်လေးထက်သို့ တင်နေသော ဆံစလေးများကို ဖယ်ပေးလိုက်ကာ "နောက်ဆိုရင် နန်းတွင်းထဲ မဝင်နဲ့တော့"
နန်းပေါင်ရီက မျက်နှာလေးကို သူ၏ရင်ခွင်ထဲမှာ မြှုပ်ထားပြီး အသံလေးက မထွက်သလောက်ပင်။
"ညီမလေး ဗိုက်ဆာတယ်"
ရှောင်းယီက သူမ၏ ပိန်ပါးသွယ်လျသော ခန္ဓာကိုယ်လေးကို ပွတ်သပ်လိုက်ပြီး ဒီမိန်းကလေးက ဒီည ဘာမှ မစားရသေးတာ အမှတ်ရလိုက်သည်။
သူက ရထားလုံးကို လမ်းပေါ်မှာရပ်ဖို့ အချက်ပြလိုက်ပြီး "ဘာစားချင်လဲ"
"ရှီးယန်၊ တစ်ခုခု သွားဝယ်ပေး"
ရှောင်းယီက ရှီးယန်ကို သွားဝယ်ဖို့ လွှတ်တော့မဲ့ အချိန်မှာ နန်းပေါင်ရီက သူ့ရင်ခွင်ထဲသို့ တိုးဝင်လျက် ကလူမြှူနေသလို အသံလေးနှင့် "စေးကပ်နေတဲ့ ဆန်မုန့်ချိုချိုလေးရယ်၊ အမဲသားရရင် ပိုကောင်းမယ်၊ အမဲစွပ်ပြုတ် အစပ်တကာ့ အစပ်ဆုံး"
ရှီးယန်က အမဲစွပ်ပြုတ် သွားဝယ်တော့မဲ့ အချိန်မှာ နန်းပေါင်ရီက ခဏ စဉ်းစားလိုက်ပြီး လေသံလေးနှင့် "ညဘက်ခင်းကြီးမှာ အစပ်တွေစားရင် ညီမလေးရဲ့ အလှကို ထိခိုက်လိမ့်မယ်၊ ကိတ်မုန့်လေးတွေပဲ စားပါတော့မယ်၊ နွေဦးက အခုမှ စရုံရှိသေးတယ်၊ ညီမလေး လမ်းပေါ်မှာ ကိတ်မုန့်လေးတွေတွေ့တယ်"
ရှီးယန်က ရထားလုံးပေါ်မှ ခုန်ဆင်းသွားသော အချိန်မှာ နန်းပေါင်ရီက အမြန်ခေါ်လိုက်သည်။
"ဟေး.... အခုထိ ဘာစားရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူးလေ၊ ဘယ်သွားမလို့လဲ ကိတ်မုန့် တစ်မျိုးတည်း စားမှာ မဟုတ်ဘူး၊ အသားပေါက်စီလည်း စားဦးမှာ၊ အနံ့လေးကို မွှေးနေတာပဲ"
ရှီးယန်က အလွန် ရှုပ်ထွေးသွားရလေသည်။
ရှောင်းယီက နန်းပေါင်ရီ၏ မျက်နှာလေးကို ဖျစ်ညှစ်လိုက်ပြီး ပေါ့ပါးစွာဖြင့် အမိန့်ပေးလိုက်သည်။