အပိုင်း (၄၃၆)
အဲ့ဒီမှာနေချင်တယ်၊ သူ့ကိုနမ်းချင်တယ်
ခန်းမထဲက လူအားလုံး၏ မျက်နှာများသည် ပြောင်းလဲ သွားကြသည်။
ကျန်းသခင်မနှင့် ချန်းယဲ့ရူက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။ ကျောင်းကျောင်းလေးက အရမ်း သွက်တာပဲလို့ သူတို့က ပြောချင်နေကြသည်။
ထိုသို့ ကြားလိုက်သောအခါ အဘွားအိုက လက်ဖက်ရည် သောက်နေရာမှ သီးတော့မလို ဖြစ်သွားရသည်။
သူမ၏ ကျောင်းကျောင်းက ရှက်တတ်ပြီး တသီးတသန့် ဆန်တတ်တာကို၊ ဘယ်လိုလုပ်ပြီး ရှောင်းယီကို နမ်းရမှာလဲ ...
ဒီလူက အဓိပ္ပါယ် မရှိတာတွေ ပြောနေတာပဲ။
နန်းပေါင်ရီက နှုတ်ခမ်းကိုကိုက်ပြီး မျက်နှာလေးက တဖြည်းဖြည်း ရှက်သွေးဖြာကာ နီရဲလာတော့သည်။ သူမက အဘွားအို၏ လက်မောင်းထဲသို့ နစ်မြုပ်လျက် အသံလေး တိုးတိုးလေးဖြင့် "အဘွား၊ သမီးမလုပ်ဘူး....."
"ငါတို့ကျောင်းကျောင်းက ကျိန်းသေပေါက် ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး"
အဘွားအိုက သူမကို ကာကွယ်လိုက်ပြီး ပခုံးလေးကိုပုတ်၍ ရှောင်းယီကို စိတ်ဆိုးစွာဖြင့် ကြည့်လိုက်ပြီး "ကျောင်းကျောင်းအာက အိပ်ခန်းထဲကတောင် မထွက်ရတဲ့ မိန်းကလေးပဲ၊ သူက ဘာသိမှာလဲ ... သူက နမ်းတယ်ဆိုပြီး မင်းက သူ့ကို ဘာလို့ တွယ်ကပ်ချင်ရတာလဲ ... "
ရှောင်းယီ "....."
သူက သူမကို တွယ်ကပ်တယ် ...
သူ၏ နှုတ်ခမ်းပါးများက ခပ်သဲ့သဲ့ ရယ်မောရင်း ပျင်းရိစွာဖြင့် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ကာ "ကောင်းပါပြီ၊ ကျွန်တော့်ကြောင့်ပါပဲ၊ ကျွန်တော်က အရမ်းကြည့်ကောင်း ချောမောလွန်းတော့ နန်းကျောင်းကျောင်းက မထိန်းနိုင် ဖြစ်သွားတာ၊ ကျွန်တော်က ဆွဲဆောင်မှုပြင်းတဲ့ ဘေးအန္တရာယ်ရှိတဲ့ တိုင်းပြည် တစ်ခုဖြစ်ပြီး နန်းကျောင်းကျောင်းကတော့ အစောဦး ဘုရင်ပေါ့....."
ကျန်းသခင်မနှင့် ချန်းယဲ့ရူက ကျယ်လောင်စွာ အော်မရယ်ဘဲ မနေနိုင်ကြတော့ပေ။ အရင်တုန်းကတော့ ရှောင်းယီက အေးစက်စက် ဖြစ်နေပြီး အမြဲတမ်း ဆောင်းရာသီ၏ အအေးဓါတ်လိုပင်။