Part 404

506 52 0
                                    


အပိုင်း (၄၀၄)


ခြေထောက်ပုတိုလေးများနဲ့ အစ်ကို့ဆီ မြန်မြန်ပြေးလာဖက်လိုက်

နန်းပေါင်ရီက လှေကားကို တက်လိုက်သည်။

အနီရောင်တံခါးကို တွန်းဖွင့် လိုက်ပြီးနောက် ပိဋကတ်ကျမ်း အဆောင်၏ မြင်ကွင်းက မျက်လုံးထဲ ဝင်လာသည်။

စင်္ကြံလမ်းက ဟောင်းနွမ်းနေပြီး မီးအိမ်များ၏ အရိပ်များကလည်း အဖြူရောင် စာရွက်တွေလို မိန်းမောတွေဝေစရာ ကောင်းလှသည်။ သစ်ပင်များ၏ အရိပ်များက တစ္ဆေတွေလို။

ပိဋကတ်ကျမ်း အဆောင်က ဟောင်းနွမ်းနေပြီး ဥယျာဉ်၏ အဆုံးမှာ တည်ရှိသည်။ အဖြူရောင် မီးအိမ်များက တံစက်မြိတ်အောက်မှာ ချိတ်ဆွဲထားပြီး အေးစက်သော လေညင်းက တိုက်ခတ်သွားသည်။

ပိဋကတ်ကျမ်း အဆောင်၏ အပြင်ဘက်က လှေခါးထက်မှာ လူတစ်ယောက်က ထိုင်နေလေသည်။ မီးပုံတစ်ပုံက အလျှံညီးညီး တောက်လောင်နေပြီး မီးပုံ၏ ဘေးမှာတော့ ရွှေပြားများ၊ ငွေပြားများနှင့့်် မရေမတွက်နိုင်တဲ့ ငွေစက္ကူများ ရှိနေသည်။

နန်းပေါင်ရီက တံခါးကို ပြန်ပိတ်လိုက်သည်။ သူမက စင်္ကြံလမ်းတစ်လျှောက် ပိဋကတ်ကျမ်း အဆောင်သို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

ထိုသူက ရွှေပြားများ၊ ငွေပြားများနှင့့်် မရေမတွက်နိုင်တဲ့ ငွေစက္ကူများကို မီးပုံထဲသို့ ညင်သာစွာ ထည့်နေသည်။

မီးအလင်းရောင်က သူ၏မျက်ခုံးများကို လင်းထင်းနေစေသည်။ ထိုသူ၏ သွင်ပြင်က ကြင်နာတတ်ဟန်ဖြင့် ကျောက်စိမ်းဖြူလို အဆင်းရှိသည်။ ကျဆင်းနေသော မျက်ရည်များက သူ့ကို သနားစရာ ကောင်းအောင် ပံ့ပိုးနေပေမယ့် သူ့မျက်ဆံအိမ်တွေထဲက ခံစားချက်များကတော့ မရင့်ကျက် သေးသော ကလေးငယ် တစ်ယောက်လို။

သန့်ရှင်းစင်ကြယ်သည့် အဖြူစွတ်စွတ် ပိုးဖဲဝတ်စုံကို တော်ဝင်ဆန်စွာဖြင့် ဝတ်ဆင်ထားလေသည်။ ခါး၌ ချိတ်ဆွဲထားသော နဂါးပုံထွင်းထားသော ကျောက်စိမ်း အဆင်တန်ဆာက သူ၏အဆင့်အတန်းကို ပြသနေသည်။

အာဃာတပြန်တမ်း (၃)Where stories live. Discover now