အပိုင်း (၄၂၂)
တကယ်တော့ နန်းကျောင်းကျောင်းက သူ့ခန္ဓာကိုယ်ကို တပ်မက်နေခဲ့တာပဲ
နန်းပေါင်ရီက သူမ ထိုးထားသောပုံနှင့် ပန်းထိုးပညာရှင်ကု၏ ပန်းထိုးထားသော ပုံကို ယှဉ်ကြည့် လိုက်သည်။
ပြီးတော့မှ အတွေးနစ်၍ ချင့်ချိန်စဉ်းစား နေလေသည်။
ပန်းထိုးပညာရှင်ကု ပန်းထိုးထားသော တရုတ်ရိုးရာ ဘဲပုံက သက်ဝင် လှုပ်ရှားနေတဲ့ မျက်လုံးများနှင့် သိမ်မွေ့ တင့်တယ် နေလေသည်။
သူမ ပန်းထိုးထားသော တရုတ်ရိုးရာ ဘဲပုံကတော့ သတ်ဖြတ်ချင်နေသည့် မျက်လုံးများနှင့် တခြားသူများကို အချိန်မရွေး တိုက်ခိုက်ဖို့ အသင့်ပြင်နေပုံ ဖြစ်နေပြီး တရုတ်ရိုးရာဘဲများနှင့် မတူဘဲ ရောင်စုံ တိုက်ကြက် တစ်ကောင်နှင့် တူနေလေသည်။
သူမက တတွတ်တွတ်ဖြင့် "ကျွန်မရဲ့ မျက်လုံးတွေကတော့ သင်လိုက်တာပဲ၊ ဒါပေမယ့် ကျွန်မရဲ့ လက်တွေက မသင်ရသေးဘူးနေမယ်"
ပန်းထိုးပညာရှင်ကုက နှစ်သိမ့်လိုက်သည်။
"ပထမဆုံး အကြိမ်မှာ ရုပ်လုံးကြွအောင် ထိုးနိုင်တာကလည်း အရည်အချင်း တစ်ခုပါပဲ၊ ဖြည်းဖြည်းချင်း အရောင်တွေနဲ့ အသေးစိတ်ကိုတော့ ပြန်ညှိရမှာပေါ့၊ အနှေးနဲ့အမြန် တိုက်ကြက်တွေရဲ့ ပုံစံကနေ တရုတ်ရိုးရာဘဲပုံလေး ဖြစ်လာမှာပါ"
နန်းပေါင်ရီက ခေါင်းညိတ် လိုက်သည်။ ဆက်ပြီး သင်နေကြစဉ်မှာ နိုင်ဝမ်ကျိုးက ရုတ်တရက် ခြံဝင်းထဲသို့ ဝင်လာသည်။
အသက်ဆယ့်လေးနှစ် အရွယ် ကောင်လေးက အစေခံငယ်လေး တစ်ယောက်လို ဝတ်ဆင်ထားသော်လည်း တသီးတသန့်ဖြင့် ချောမော နေသေးသည်။
သူက "မမလေး ရေကန်ထဲပြုတ်ကျလို့"
"ကျူးကျူးက ရေကန်ထဲ ပြုတ်ကျတယ် ... "
"ဟုတ်တယ်၊ အခုလေးတင်ပဲ အစေခံတွေ ဆယ်ပြီးတာ၊ သူ့ကို သွားကြည့်လို့ ရမလား ... "
နန်းပေါင်ရီက ပန်းထိုးအပ်ကို ချလိုက်ပြီး ပန်းထိုးပညာရှင်ကုဆီသို့ တောင်းပန်ဟန် ခေါင်းညိတ် ပြလိုက်ပြီး နိုင်ဝမ်ကျိုးနောက်မှ အမြန်လိုက်သွား လေတော့သည်။