အပိုင်း (၃၉၆)
မောင်းမတော်ကို ဂုဏ်ပြုပါတယ်၊ ရှင်အဘွားဖြစ်တော့မယ်
သူမ၏ခြေထောက်တွေ၊ လက်တွေ၊ ကျောရိုး၊ လည်တိုင်နှင့် သူမ၏ မေးဖျားလေး၏ ကိုယ်နေဟန်ထား ကတောင် အလွန်ကို ပြီးပြည့်စုံနေပြီး လှပမှုအပေါင်း ခညောင်းနေလေသည်။
ထိုသည်က မိန်းမပျိုလေး တစ်ယောက်၏ ပုံဟန်ကို တစ်လက်မချင်းစီ ပေတံနှင့် တိုင်းပြီး ရေးဆွဲထားသော ပန်းချီကားတစ်ချပ်လို.....
နန်းပေါင်ရီ၏ အပြုံးက ပိုမို၍ ထင်းလာပြီး "မိန်းကလေး"
ရှုလီလီ၏ပါးပြင်များက နီရဲလာလေပြီ။
သူမက ခန်းမဆီမှ ဆုတ်ခွာ၍ တိုးဖွဖွဖြင့် "မင်းသမီးပေါင်ရီ၏ ထိုင်နေဟန်က တည့်မတ်နေတယ်၊ ဘာအမှားမှ မရှိဘူး"
မောင်းမကျန်းက စိတ်မချမ်းသာတော့ပေ။ သူမက ထပ်၍ ပြောလိုက်သည်။
"မင်းသမီးက ထရပ်ပြီး ဆုမွန်ကောင်းတောင်း ဂါရဝပြုရင်ရော ဘယ်လိုလဲ"
ဆုမွန်ကောင်းတောင်း ဂါရဝပြုခြင်းက ကျင့်ဝတ်ထုံးတမ်း တစ်ခုဖြစ်ပြီး မိန်းကလေး တစ်ယောက်၏ အပြုအမူနှင့် ကိုယ်နေဟန်ထားကို စစ်ဆေးဖို့ အကောင်းဆုံး ဖြစ်လေသည်။
မင်းက အရမ်းဝနေရင် ဆုမွန်ကောင်းတောင်း ဂါရဝပြုသောအခါ ရယ်မောဖွယ်ရာ တစ်ခု ဖြစ်သွားမည်ပင်။
လှုပ်ရှားမှုက နေရာ မကျရင်လည်း အလွန်ကို့ရို့ကားရားဖြစ်ပြီး မလှနိုင်တော့ပေ။
နန်းတွင်းထဲက မောင်းမတွေတောင် ပြီးပြည့်စုံအောင် မလုပ်နိုင်ကြ။
နန်းပေါင်ရီက ပြုံး၍ ထရပ်လိုက်သည်။
သူမက ခန်းမထဲသို့ လျှောက်သွား၍ ရှောင်းယီဘက်သို့ လှည့်ကာ "မင်းသားကို ဂရဝပြု ဆုမွန်ခြွေပါတယ်"
နူးညံ့ဖြူဖွေးတဲ့ လက်လေးတစ်စုံကို ခါးထက်မှာ ယှက်ထားပုံက လှပတဲ့ သစ်ခွပန်းလေး တစ်ပွင့်လို။ အကောင်းစား နန်းတွင်း ဝတ်စုံက ပေါ့ပါးစွာဖြင့် ဖြာကျနေပြီး လက်ဝကျယ်များက အောက်သို့ စင်းကျနေသည်။ ခါးကျဉ်ကျဉ်လေးနှင့် သေးသွယ်ဖွေးဖြူသော လည်တိုင်လေးက ထင်းနေလေသည်။ သူမက ပွင့်လန်းနေသော ခေါင်ရန်းပန်းလေး တစ်ပွင့်လို အရာရာက အမှားကင်းပြီး ဣန္ဒြေသိက္ခာနှင့် ပြည့်စုံ လွန်းလှသည်။