အပိုင်း (၄၂၀)
နောက်သုံးရက်နေရင် ငါမင်းကို လာတင်တောင်းမယ်
သူက နန်းပေါင်ရီကို မိန်းမောတွေဝေစွာ ငေးစိုက် ကြည့်နေသည်။
နူးညံ့ပြီး ဖြူစင်သော မိန်းကလေးက သွယ်လျ တင့်တယ်ကာ ပင်ယံထက်က ခေါင်ရန်းပန်းလေး ပွင့်လန်း နေသလိုပင်။
အကြည့်က သူမ၏ နှုတ်ခမ်းများထက်မှာ စူးစိုက်သွားသည်။ ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းလေး၏ ပုံသဏ္ဌာန်က အသေးစိတ် ထုဆစ်ထားသလို လှပနေပြီး ချယ်ရီပန်းလေး တစ်ပွင့်လို။
နှလုံးသားထဲမှာ ဗျောက်အိုး ပေါက်ကွဲသွားသလို သူ့ကို ချိုမြိန်စွာဖြင့် အစ်ကို ၂ လို့ ခေါ်ဆိုတတ်သည်။
သူမ၏ နှုတ်ခမ်းလေးများသည် ရွှေသကြားလုံးထက် ချိုသည်။ သူက ရုတ်တရက် သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ခေါင်းကိုငုံ့၍ သူမ၏နှုတ်ခမ်းလေးကို နမ်းရှိုက် လိုက်လေသည်။
နန်းပေါင်ရီက ထိတ်လန့် သွားရသည်။ ကံကောင်းသည်က အခု နမ်းရှိုက်နေသူက သူမကို မြန်ဆန်စွာ ပြန်လွှတ် ပေးလိုက်ခြင်းပင်။
သူက နှုတ်ခမ်းထောင့်များကို သပ်လိုက်ပြီး မျက်ဝန်းများသည် မည်းမှောင်နေလျက် အသံက ဩရှနေကာ လေးနက်စွာဖြင့် "အိမ်ပြန်ပြီး ပြင်ဆင်ထားတော့၊ နောက်သုံးရက်နေရင် ငါမင်းကို လာတင်တောင်းမယ်"
နန်းပေါင်ရီက အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်ပြီး "အခုကနေစပြီး သုံးရက် ... "
"ဟုတ်တယ်၊ နောက်သုံးရက်ကြာရင်"
သူ အကြာကြီး မစောင့်နိုင်တော့။ ကောင်မလေးက ပျော်ပျော်ရွှင်ရွှင်ဖြင့် နန်းယန်ကို ကူပြီး ဘုရင်မင်းမြတ်နှင့် သင့်မြတ်အောင် လုပ်ပေးတယ်၊ ပြီးတော့ နန်းချန်ရှုးနှင့်လည်း ချန်းမိန်းကလေးကို အောင်သွယ် ပေးနေသေးတယ်။
ဒါပေမယ့် သူအလိုချင်ဆုံးက သူမနဲ့ သူ့ကြားက အနီရောင် မျဉ်းလေး တစ်ကြောင်းပင်။
ကောင်မလေးကို လိုချင်နေသော ခွေးတွေက အများကြီး။ တော်ဝင်အဆင့်နှင့် ချီးမြှင့်ထားသော လက်ထပ်ပွဲ ရှိနေတာတောင် သူက တင်တောင်းပြီး တတ်နိုင်သမျှ မြန်မြန် အခြေကျအောင် လုပ်ချင်နေပြီဖြစ်သည်။