အပိုင်း (၄၁၈)
ဇနီးလေးက သူ့အစ်ကိုကိုပဲ ချစ်နေတယ်၊ သူ့ကိုမချစ်ဘူး၊ သူဘာလုပ်ရမလဲ ...
နန်းပေါင်ရီက ထပ်မမေးတော့ပါချေ။
သူမက ယပ်တောင်ကို ပိတ်လိုက်ပြီး လက်မောင်းကို ညင်သာစွာ ပုတ်လိုက်ကာ "ငါနဲ့ကျန်း မိသားစုက မဆုံးနိုင်တဲ့ သံသရာ ဖြစ်နေပြီ၊ နင်နဲ့ကျန်းမောင်းမကလည်း ထိုနည်းလည်းကောင်းပဲ၊ ကျန်းမိသားစုကို ကြီးကြီးမားမား ထိခိုက်စေနိုင်မဲ့ နည်းလမ်း တစ်ခုရှိတယ်၊ ပြီးရင်တော့ နင်က မောင်းမဆောင်ကို လွှမ်းမိုး ချုပ်ကိုင် နိုင်သွားလိမ့်မယ်၊ အစ်ကို ၂ ကလည်း ရုံးတော်ကို ရောက်သွားမှာ ဖြစ်သလို နန်းမိသားစုကလည်း ပိုပိုပြီး ကြီးမားလာမဲ့ အခွင့်အရေးကို ရလိမ့်မယ်"
နန်းယန်က ခေါင်းကိုမော့၍ အဓိပ္ပါယ်ရှိရှိ ပြုံးရင်း "တိုက်ဆိုင်ချက်ပဲ၊ ငါ့မှာလည်း အစီအစဉ် တစ်ခုရှိတယ်"
ညီအစ်မ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ အတန်ကြာတော့မှ နန်းယန်က ဝတ်စုံလက်ထဲက နန်းပေါင်ရီ၏လက်ကို ကိုင်လိုက်သည်။ နှစ်ယောက်လုံးက တစ်ပြိုင်နက်တည်းမှာ တူညီသည့် စာလုံးတစ်လုံးကို တစ်ယောက်စီ၏ လက်ဖဝါးမှာ ရေးထားကြသည်။
နန်းပေါင်ရီက ရယ်မောလိုက်သည်။ သူတို့နှစ်ယောက်က ဆန့်ကျင်ဘက်ဆီသို့ လှည့်ထွက် သွားကြ လေသည်။
ရှောင်းယီက လက်ရန်းကို မှီနေရင်း ညီအစ်မ နှစ်ယောက်က လှည့်သွားတာကို မြင်သည်နှင့် တစ်ပြိုင်နက်တည်းမှာ ဝတ်စုံလက်ထဲက လက်ကိုင်ပဝါကို ထုတ်လိုက်ပြီး လက်ဖဝါးကို သုတ်လိုက်ကာ လက်ကိုင်ပဝါကို မနှစ်မြို့သလို ပစ်ထုတ် လိုက်လေသည်။
သူက တောက်ခေါက် လိုက်သည်။
နန်းပေါင်ရီက အပေါ်ထပ်သို့ ပြန်တက်လာသည်။
ရှောင်းယီက သူမထံသို့ လက်ကိုဖွင့်လို့ ကြိုလိုက်ကာ "ငါတို့နန်းအိမ်က တိုက်ကြက်လေးက ဒီနေ့ လာဘ် ကောင်းများကို ဆောင်ယူလာတာပဲ၊ အစ်ကို့ကို ပြေးပြီး မဖက်ချင်ဘူးလား ... "