Part 431

341 46 0
                                    


အပိုင်း (၄၃၁)

သူက ဘာလို့မင်းသမီးနဲ့ မထိုက်တန်ရတာလဲ ...

'ဘုတ်' ဆိုသော အသံနှင့် အတူ စာအုပ်က ကြမ်းပြင်ပေါ်သို့ သက်ဆင်း သွားလေသည်။

တိတ်ဆိတ် ငြိမ်သက်နေသော စာကြည့်ခန်းမှာ အသံက အလွန်ရှင်းလင်းပြီး ကျယ်လောင် သွားလေသည်။

နန်းပေါင်ရီက စာအုပ်ကို မြန်မြန် ပြန်ကောက်လိုက်ပြီး သူ့နေရာမှာ ပြန်ထားလိုက်သော်လည်း သူမ၏ ဗုံတီးသံလို နှလုံးခုန်သံကိုတော့ ပြန်ကြားနေရသေးသည်။

ကုချုံရှန်းက မြောက်ပိုင်း ဝေ့တိုင်းပြည်က မင်းသား တစ်ပါးတဲ့လား ...

သို့သော်လည်း သူမ သိသလောက်တော့ အခု မြောက်ပိုင်း ဝေ့တိုင်းပြည်မှာ မင်းသား အသစ်တစ်ပါး ရှိနေပြီဖြစ်ပြီး အသုံးဝင်သော အလှအပများ ရှိနေသည့် မြောက်ပိုင်း ဝေ့တိုင်းပြည်ကို အမွေဆက်ခံဖို့ လျာထားတာက လောကကြီးမှာ အကြီးကျယ် အခမ်းနားဆုံး မင်းသား လေးပါးထဲက တစ်ပါးဖြစ်တဲ့ ရှန်းရိချောင် ဖြစ်သည်။

တကယ်လို့ ကုချုံရှန်းက တကယ်ပဲ မြောက်ပိုင်း ဝေ့တိုင်းပြည်၏ မင်းသားတစ်ပါးသာ ဆိုရင်....

သူငယ်စဉ်က နန်းတော်ထဲကို ရောက်လာခဲ့ပြီး အခုအချိန်မှာ ဒီလိုနေရာကို ရောက်လာသည် အထိ သူဘယ်လိုလုပ်ပြီး ဒီလို နှစ်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့တာလဲ ...

နွေဦး၏ ညချမ်းဖြစ်သည်။

လရောင်က ဖြူစင်စွာ ဖြန့်ကြက်နေပြီး လေအေး တစ်သုတ်က ပြတင်းကိုဖြတ်၍ တိုက်ခတ်လာသည်။ မိန်းကလေး၏ လက်ဝကျယ် ဝတ်စုံက ညင်သာစွာ ယိမ်းနွဲ့နေလေသည်။ ဖွေးအုပြီး နူးညံ့နေသော အနီရောင် လက်လေးများ အနည်းငယ် အေးစက်နေသည်။

သူမ၏ အတွေးတွေထဲမှာတော့ စကားတစ်ခွန်းက ပဲ့တင် ထပ်နေသည်။

.... တချို့လူများသည် မူလ အစကတည်းက မကောင်းမှုနဲ့ ဖက်ပြီး‌ မွေးဖွားလာတာ....

ထိုသည်က ကုချုံရှန်း ကျန်းမန်တံတိုင်းမှာ ပြောခဲ့သောစကား ဖြစ်သည်။

သူမက စာကြည့်ခန်းမှ တွေဝေ မိန်းမောစွာဖြင့် ထွက်လာလေသည်။ မီးအိမ်များကို လမ်းတစ်လျှောက်တွင် ချိတ်ဆွဲထားပြီး ကုချုံရှန်းက ထိုင်ဖုံပေါ်၌ ဒူးထောက် ထိုင်နေပြီး ရှေ့က စန္နကူးသား ဟူချင်ကို သုတ်နေသည်။

အာဃာတပြန်တမ်း (၃)Where stories live. Discover now