အပိုင်း (၃၉၃)
အတိတ်ဘဝနှင့် ယခုပစ္စုပ္ပန် နန်းတော်ထဲကို ဝင်ရောက်ခြင်း
သူမက ဘေးဘက်သို့ အနည်းငယ် လှည့်လိုက်ပြီး နန်းကျင်းနှင့် နန်းချွန်း၏ တပ်မက်စိတ် ပြင်းပြနေသော မြင်ကွင်းကို ကွယ်လိုက်သည်။
သူမက နွေးထွေးစွာဖြင့် "အရာရှိ ပြောသလိုပဲ ဖိတ်စာက ဖိတ်တဲ့သူ တစ်ယောက်တည်း အတွက်ပဲ အကျုံးဝင်တယ်၊ ဒေါ်လေးနဲ့ ဝမ်းကွဲအစ်မ နှစ်ယောက်က အိမ်ပြန်သင့်ပြီလေ၊ ဟုတ်တယ်ဟုတ် ဒီမှာနေရင် လူတိုင်းက ဟာသတစ်ခုကို မြင်နေရသလို ဖြစ်နေလိမ့်မယ်"
နန်းကျင်းနှင့် နန်းချွန်းတို့ကတော့ လက်မလျှော့ချင်ကြသေးပေ။ နန်းတွင်းပွဲတော်ကို တက်ရောက်ဖို့ အတွက် သူတို့က နှစ်နာရီလောက် အချိန်ဖြုန်းပြီး အထူးတလှယ် ဝတ်စားပြင်ဆင် ခဲ့ရတာဖြစ်သည်။ အခု သူတို့က နန်းတာ်၏ဂိတ် တံခါးကနေတောင် မဝင်ရဘဲ အိမ်ပြန်ရမယ် ဆိုတော့ မျက်နှာပျက် နေကြလေပြီ။
သခင်မလျို၏ အမုန်းတရားက တိတ်တဆိတ် ပိုမို၍ ကြီးထွားလာသည်။ တံခါးကနေ ဝင်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။ နန်းတွင်းထဲကိုသာ ဝင်ခွင့်ရရင် ဘုရင်မင်းမြတ် နှင့်တကွ တော်ဝင် မိသားစုများနှင့့်် စကားပြောခွင့် ရနိုင်သည်။ ကျင်းအာနှင့် ချွန်းအာအတွက် ခင်ပွန်းကိုလည်း ရှာဖွေနိုင်မည် ဖြစ်သလို တော်ဝင် မိသားစုများနှင့့််လည်း မိတ်ဆွေဖွဲ့ခွင့် ရနိုင်ပြီး ခင်ပွန်း၏ အနာဂတ် အတွက်လည်း ကိတ်ပေါ်သို့ ရေခဲဖြူး သလိုမျိုး အဆင်ပြေ ချောမွေ့အောင် လုပ်ပေးနိုင်မည် ဖြစ်သည်။
သို့သော် အားလုံးက နန်းပေါင်ရီကြောင့် ပျက်စီး သွားခဲ့ရလေပြီ။
သူမ၏ စိတ်ထဲ၌ နက်ရှိုင်းသော အမုန်းတရားက ပေါက်ဖွားလာပြီး နန်းပေါင်ရီကို ဆဲဆိုတော့မဲ့ အချိန်တွင် ခပ်သဲ့သဲ့ ရယ်သံတစ်ခုက သိပ်မဝေးတဲ့ နေရာမှ ထွက်ပေါ်လာသည်။
"အိုး.... ဘာလုပ်နေကြတာလဲ"
အားလုံးက ကြည့်လိုက်ကြသည်။
အဖိုးတန်သော အထူးရထားလုံး တစ်လုံးက ဖြည်းဖြည်းချင်း နီးကပ်လာလေသည်။