အပိုင်း (၄၀၈)
သူမနှုတ်ခမ်းက ညစ်ပတ်သွားပြီ
ရှီးယန် "....."
ကိုယ်ရံတော် ၁,၂,၃,၄ "....."
သူတို့အခုသွားပြီး နှောင့်ယှက် သင့်ပါ့မလား...
သူတို့က မကြာခင်မှာ အိမ်ပြန်ကြရတော့မယ်လေ။ သူတို့က အိမ်ပြန်အိပ်၍ သူတို့၏ မိန်းမများကို ဖက်ပြီး နမ်းပစ် လိုက်ချင်နေလေသည်။
သူတို့ စဉ်းစားနေစဉ်မှာ ရှောင်းယီက ခေါင်းကို မော့လာသည်။ နှုတ်ခမ်းပါးများက နှင်းဆီသွေးရောင် ကြွနေပြီး ညှို့အား ပြင်းလှသည်။ သူက မျက်စိစောင်း၍ ကြည့်လိုက်ပြီး ကြင်နာခြင်း မရှိစွာဖြင့် နူတ်မှ အော်သံတစ်ချက် ပြုလာသည်။
ရှီးယန် "ပြီးတော့ ဘာပါလိမ့်၊ အခုလေးတင် ကြက်ခြေထောက် တစ်ချောင်း မစားရသေးတာကို သတိရသွားပြီ၊ ပြန်ပြီး စားလိုက်ဦးမယ်"
ကိုယ်ရံတော် ၁ "ဟုတ်တယ်၊ ဟုတ်တယ်၊ ငါလည်း ပေါက်စီ အကြီးကြီး တစ်လုံးစားဖို့ ကျန်နေတယ်"
ကိုယ်ရံတော် ၂ "အာ... ငါလည်း ဝက်ပေါင်ကို တစ်ဝက်လောက် စားနေရင်း တန်းလန်းကြီး"
ကိုယ်ရံတော်တစ်စုက ဆန်မုန့်ဆိုင် အတွင်းသို့ ပြန်ဝင်သွားကြသည်။
ရှောင်းယီက စိတ်ကျေနပ်မှုကြောင့် နှုတ်ခမ်းတွေ ကွေးညွှတ်သွားသည်။ သူက ကောင်မလေး၏ ချိုမြိန်မှုလေးကို နှလုံးသားထဲ ထည့်၍ အက္ခရာတင် လိုက်လေသည်။
တကယ်နှစ်သက်တယ်.....
နောက်ထပ် လက်ဖက်ရည်ခွက် တစ်ဝက်စာလောက် ကုန်ဆုံးသွားသည်။ စောင်ပုံလေးထဲမှာ ကွေးနေသလို နန်းပေါင်ရီက ရထားလုံးထဲမှာ ထိုင်ကာ မှန်ကြည့်နေသည်။ နှုတ်ခမ်းများက နီရဲ၍ အနည်းငယ် ဖောင်းနေလေသည်။
အမတ်မင်းက ပြင်းပြင်းထန်ထန် နမ်းရှိုက် လိုက်တာကြောင့် သူမ၏နှုတ်ခမ်းက ယောင်ပြီး နာနေလေပြီ။
တကယ်တမ်းတော့ နမ်းတာက နာကျင်ရတာပဲ....
သူမက ရှိုက်လျက် "ညီမလေး ကိုယ်ကိုယ် မသန့်ရှင်းတော့ဘူးလို့ ထင်တယ်"