အပိုင်း (၄၂၃)
ကျွန်တော်မမကို ချစ်တယ်၊ မမကို လက်ထပ်ချင်တယ်
သူက နန်းပေါင်ကျူးကို ကြည့်၍ "မမ"
"ဘာလုပ်နေတာလဲ ... "
နန်းပေါင်ကျူးက သူ့ဘက်သို့ လှည့်လိုက်သည်။ ကောင်လေးက သူ့လက်ပေါ်မှာ တင်ထားသော ပွင့်ချပ်များကို မိန်းကလေး၏ မျက်နှာဆီသို့ မှုတ်ထုတ်လိုက်သည်။
ပွင့်ချပ်လေးများသည် လေမှာ ဝဲပျံနေသည်။ နူးညံ့သည့် အဝါရောင် ပွင့်ချပ်လေးများသည် မိန်းကလေး၏ နူးညံ့ပြီး ပြည့်ဝိုင်းသော မျက်နှာလေးကို ပို၍ လှပသွားစေသည်။
ပွင့်ချပ်မိုးကို ဖြတ်၍ နန်းပေါင်ကျူးက နီးကပ်နေသော သူ့ကို ငေးကြည့်နေသည်။ နိုင်ဝမ်ကျိုးက ခေါင်းကိုမော့၍ သူမ၏ပါးပြင်လေးကို လေးနက်စွာ နမ်းလိုက်လေသည်။
အနည်းငယ် အေးစက်ပြီး စိုစွတ်သည့် အထိအတွေ့က နန်းပေါင်ကျူး၏ မျက်ဆံအိမ်ကို ကျဉ်းမြောင်းသွား စေသည်။
ယောက်ျားလေး တစ်ယောက်ဆီက အနမ်းက သူမ၏ ပါးပြင်ပေါ်သို့ လိပ်ပြာလေး တစ်ကောင် ခိုနားသွားသလို နူးညံ့လွန်းပြီး သတိကြီးကြီး ထားလျက်။
သူမ၏စိတ်ထဲမှာ ဗလာ ဖြစ်သွားရသည်။
နိုင်ဝမ်ကျိုးက သူမကို နမ်းလိုက်တယ် ...
သူ့အဖေကို သင်္ဂြိုလ်ဖို့ ကိုယ့်ကိုယ်ကိုယ်တောင် ရောင်းစားရသည့် ဒီခွေးကောင်လေးက၊ မိန်းကလေး ယောင်ဆောင်ပြီး သူမနှင့်အတူ တစ်အိပ်ရာတည်း အိပ်ရဖို့ လှည့်စားခဲ့တဲ့ ဒီခွေးကောင်လေးက၊ သူမထက်ငယ်သော ဒီခွေးကောင်လေးက တကယ်ပဲ သူမကို နမ်းလိုက်တယ် ...
နိုင်ဝမ်ကျိုးက မျက်တောင်များကို စင်းချထားသည်မှာ လိပ်ပြာတောင်ပံတွေလို။
သူက သူမ၏ ချယ်ရီရောင် နှုတ်ခမ်းလေးကို စူးစူးနင့်နင့် ငေးနေပြီး လက်ကို ဆန့်ထုတ်၍ ခေါင်းကို ညိတ်လိုက်ကာ "မမ၊ ဒီနေရာကို ကျွန်တော်နမ်းလို့ ရမလား ... "
နန်းပေါင်ကျူးက နောက်ဆုံးမှာတော့ အသိစိတ် ပြန်ကပ်သွားလေပြီ။ သူမက နိုင်ဝမ်ကျိုး၏ မျက်လုံးများကို ထိုးဖောက်ချင်သလို ကြည့်လိုက်ပြီး "အိပ်မက်မက်နေလိုက်"