Part 430

349 50 0
                                    


အပိုင်း (၄၃၀)

ကုချုံရှန်း၏ ဘဝအတွေ့အကြုံ

နန်းပေါင်ရီ နိုးလာသောအခါ အိပ်ရာထဲမှ အစိမ်းရောင် ကြာပန်းနံ့ကို ရလိုက်သည်။ သူမက နဖူးကို အုပ်ကိုင်၍ ထထိုင်လိုက်ပြီး သူမ၏ အိပ်ခန်းက ထူးဆန်းပြီး လှပနေကာ ထောင့်နားများတွင် သန့်ရှင်းနေလေသည်။

သူမက တွေဝေမိန်းမော နေဆဲပင်။

ဒီနေရာက .......

သူမက ဒီနေရာမှာ ရှိခဲ့ဖူးသယောင်။ ကုချုံရှန်းက တံခါးကိုဖွင့်၍ ဝင်လာပြီး စားပွဲပေါ်မှာ သယ်လာသော ဗန်းကို တင်လိုက်ကာ "နိုးပြီလား ... "

ဗန်းပေါ်မှာတော့ ဖြူဖွေးနေသောဆန်ပြုတ် တစ်ပန်းကန် ရှိနေသည်။ နန်းပေါင်ရီက တဖြည်းဖြည်းနှင့် အမှတ်ရသွားသည်။ ထိုနေရာက ရှန်ကျင်းမြို့တော် ရှီဖူပန်းဥယျာဉ်ထဲက ကုချုံရှန်း၏ အိမ်တော်ဖြစ်သည်။

ရှန်ကျင်းမြို့တော်၏ ဒုံဖူယွမ်က ပြဇာတ်ရုံများနှင့် မျက်လှည့်ပညာများ စုံလင်လသည့် ဆိုင်ခန်းများရှိပြီး ရှီဖူပန်းခြံကတော့ ချမ်းသာသည့် အိမ်တော်က သခင်လေးများသည် ကိုယ်ပိုင်အိမ်များအဖြစ် ဝယ်ယူ ထားကြသော နေရာတစ်ခုဖြစ်သည်။

သူမ အရင်ဘဝတုန်းက ကုချုံရှန်းနောက်က လိုက်ပြီး နန်းတော် အပြင်ဘက်က ညစာစားပွဲတွေဆီ လိုက်ခဲ့ရသည်။ ကုချုံရှန်းက သေရည်ခွက်ကို မြှောက်၍ မိန်းကလေး တစ်ယောက်ကို ချီးကျူးသည်မှာ "လက်လေးတွေက နူးညံ့ပျော့ပျောင်းတဲ့ အရိုင်းအစိုင်းလေးပဲ"

ပြန်သွားသောအခါ အမတ်မင်းက မိန်းကလေး၏ လက်ကိုဖြတ်၍ ကုချုံရှန်းကို ပေးခဲ့သည်။

သူမက ကြောက်လန့် သွားမိသည်။ သူမနန်းတော်ထဲကို ပြန်ရောက်သည့် အချိန်က အလွန် နောက်ကျနေပြီး ကုချုံရှန်းက သူမကို ခေါ်ထားလေသည်။

သို့သော် ယခုတော့ သူမက တန်ဖိုး အများကြီး ထိုက်တန်တာကြောင့် ဆိုပြီး ကုချုံရှန်းက သူမကို ဒီနေရာမှာ မသတ်လောက်ဘူးလို့ မထင်ပေ။

ကြီးမားသော ဝတ်စုံအသစ်ကြီးကို မ၍ ထရပ်လိုက်သည်။ သူမက ဝတ်ရုံလက်ကြီးကို သယ်၍ စားပွဲမှာ ဖြည်းညင်းစွာ ဝင်ထိုင်လိုက်သည်။

အာဃာတပြန်တမ်း (၃)Where stories live. Discover now