အပိုင်း (၄၁၉)
တကယ်လို့ မိန်းကလေးလျက်နေတာက လက်ချောင်းတွေမဟုတ်ဘဲ............
ထိုတုံးအအ ကောင်က သူမကို အလွန်ချစ်ခင်နေပြီး သူမက နည်းနည်းလေး ပြုံးလိုက်ရင်တောင် လက်ထပ်ပွဲ အတွက် ကမ်းလှမ်းဖို့ အောင်သွယ်တော်ကို စေလွှတ်ဖို့ စိတ်အား ထက်သန်လွန်း နေတော့မှာ ကျိန်းသေပေါက် ဖြစ်သည်။
ဒါပေါ့၊ သူမက နန်းချန်ရှုးကို မကြိုက်ပါချေ။ သို့သော် သူ၏နောက်ခံကိုတော့ သူမ အလွန်နှစ်သက်သည်။
ကျင်းမင်းသား၊ မင်းသမီးပေါင်ရီနဲ့ ရှုနိုင်ငံ၏ အချမ်းသာဆုံး အိမ်တော်.....
သူမက လက်ထပ်ပြီး နန်းအိမ်တော်ကို ရောက်သွားရင် မင်းသမီးပေါင်ရီလို ရွှေစ ထောင်ပေါင်းများစွာ တန်သော ရှုပိုးထည်များနှင့် လက်ဝတ် ရတနာများကို စိတ်ရှိတိုင်း ဝတ်ဆင်လို့ရမည် ဖြစ်တာကြောင့် သူမက တွေးကြည့်ရင်း ပျော်နေလေသည်။
သူမက နန်းချန်ရှုးကို စိုက်ကြည့်လိုက်ပြီး မျက်လုံးများ၏ တောက်ပနေပုံက ရွှေရောင်ဥကြီး တစ်လုံးကို ကြည့်နေသလိုပင်။
သူမက ရူးမိုက်စွာဖြင့် လက်ကိုင်ပဝါလေးကို ကိုင်ပြီး ရှေ့သို့ တိုးလိုက်သည်။
သူမက နန်းပေါင်ရီကို ဂါရဝပြုလိုက်ပြီး "မင်းသမီး ပေါင်ရီက အရမ်းလှတယ် ဆိုတာကို ကြားဖူးနေတာ ကြာပါပြီ၊ ဒီနေ့ တွေ့လိုက်တော့ သတင်းစကားများနဲ့ တကယ်ကို ထိုက်တန်တာပဲ"
နန်းပေါင်ရီက သူမကို အကြည့်တစ်ချက်တောင် မစွန့်ကြဲချေ။
သူမက နန်းချန်ရှုးကို ကြည့်လိုက်ပြီး "စာမေးပွဲက ဖြေရတော့မှာ၊ အစ်ကို ၄ က အိမ်ပြန်ပြီး စာဖတ်ရင် ပိုကောင်းမယ် ထင်တယ် ... ဒီနေရာမှာက အနံ့ဆိုးတွေ နံနေတာ၊ အစ်ကို ၄ စာလေ့လာတာကို အနှောင့်အယှက် ဖြစ်စေလိမ့်မယ်"
လျိုကျန်းရှင်း၏ မျက်နှာက အနည်းငယ် ပျက်ယွင်း သွားလေသည်။ နန်းပေါင်ရီက သူမ၏ နာမည်ကိုတောင် မမေးဘူး၊ သူမကို တစ်ချက်လေးတောင် မကြည့်ဘူးလား ...
သို့သော် နန်းချန်ရှုးကို သူမက ချစ်ခင်တယ် ဆိုတာကို မသိဘူးလား၊ သူမကို လက်ထပ် ချင်နေတာလေ ...