Part 411

405 48 0
                                    


အပိုင်း (၄၁၁)

သူက အရမ်း အပြစ်ကင်းစင် လွန်းလို့ အမတ်မင်းက သူ၏ ခြေထောက်ကို ရိုက်ချိုးပစ်လေမလား ...

နွေဦးရာသီပွဲတော်က ပြီးဆုံးသွားလေပြီ။

နှစ်သစ်၏ ပထမဆုံး နွေဦးလေပြည်လေးက ကမ္ဘာမြေပြင်သို့ နွေးထွေးမှုကို ဆောင်ကျဉ်းပေးခဲ့ပြီး လမ်းကြားများကို ဖြတ်သန်း တိုက်ခတ် သွားလေသည်။

မက်မွန်ပန်းများသည် နံရံထက်သို့ ကြွေကျနေပြီး သေဆုံးသွားသော သစ်ကိုင်းများ ထက်မှာ အပြာရောင် ဖျော့ဖျော့ အညွန့်အဖူးလေးများ တိုးထွက် နေကြသည်။ ပိုသာသော နွေဦးလေပြည်သာ တိုက်ခတ် လာမည်ဆိုရင် သူတို့လေးများမှာ တဖြည်းဖြည်းနှင့် ပန်းရောင်သို့ ကူးပြောင်း သွားပေလိမ့်မည်။

မီးခိုးရောင် ကျောက်ပြားများနှင့် အဖြူလွလွနံရံ၊ မြို့တော်၏ လမ်းကြားထဲမှာ ..........

ယဉ်ကျေးသော လူငယ်လေး တစ်ယောက်က တင့်တယ်လှပသည့် အရာရှိ၏ သမီးပျိုလေး တစ်ယောက်နှင့် ပထမဆုံး တွေ့ဆုံခဲ့လေသည်။

မျက်ဝန်းများက ရေလိုကြည်လင်လျက်။ နွေဦးလေပြည် ဆော်သွေးသည့် ကြားမှာ နှလုံးခုန်သံ တစ်ခုကို သဲ့သဲ့ကြားရပြီး သစ်ကိုင်းသေများထက်မှ မက်မွန်ပန်းဖူးလေးများသည် အစွမ်းကုန် ပွင့်အာလာကြသလို သူတို့နှစ်ယောက် အတွက် ပွင့်ချပ်လေးများ ကြွေကျပေးနေသယောင်။

နန်းပေါင်ရီက တိုးဖွဖွဖြင့် "ဟိုဘက်ခြံမှာ ဘယ်သူနေတာလဲ ... "

ယွင်ပေါင်က လည်ကိုဆန့်၍ "ဟန်လင်းကျောင်းရဲ့ ကျောင်းအုပ်ကြီး၊ မျိုးရိုးနာမည်က ... နာမည်က ချန်းဖြစ်မယ် ထင်ပါတယ်"

နန်းပေါင်ရီ ထိုသူကိုသိသည်။

ဟန်လင်းကျောင်း၏ ကျောင်းအုပ်ကြီး၊ ရှုနိုင်ငံ၏ စာပေကျန်းဂန် အနှံ့စပ်ဆုံး ပုဂ္ဂိုလ်ပင်။ အတိတ်ဘဝ နန်းတော်ထဲမှာ နေခဲ့ရတုန်းက ကြားဖူးခဲ့သည်။

ပညာရှိချန်း၏ ရာထူးအဆင့်အတန်းက အလွန်မြင့်လွန်းပြီး ဘုရင်မင်းမြတ်၏ လုပ်ငန်းဆောင်တာတွေမှာ အမြဲတမ်း ပါဝင်ဆောင်ရွက် ပေးလေ့ရှိသည်။ သို့သော် ကျန်းဘုရင်ခံက လာဘ်ပေး လာဘ်ယူသည်ဟု ခေါင်းစဉ်တပ်၍ စွပ်စွဲခဲ့လေသည်။

အာဃာတပြန်တမ်း (၃)Where stories live. Discover now