အပိုင်း (၄၁၂)
ဒီမင်္ဂလာပွဲကို သဘောတူလား ...
နွေဦးကျောက်စိမ်းစံအိမ် ဖွင့်ပွဲနေ့........
ပြဇာတ်ရုံက ဒုံဖူပန်းခြံ၏ လာဘ်လာဘ အကောင်းဆုံး နေရာမှာ တည်ရှိသည်။ အထူးတလှယ် ပြင်ဆင်ထားပြီး ခမ်းနားသည့် အပြင်အဆင်များနှင့် ဆေးရောင်ကို သုတ်ထားသည်။ ပြဇာတ် စင်မြင့်ကတောင် စက်ဝိုင်းပုံ သဏ္ဌာန်ဖြစ်ပြီး ကျင်းကွမ်မြို့မှာတုန်းကထက် ပို၍ ကြီးသည်။
နန်းပေါင်ရီ ရောက်သောအခါ မီးရှူးမီးပန်းများ ဖောက်ပြီး နေလေပြီ။ တံခါးမှာ အနီရောင် စက္ကူလိပ် အထူကြီးကို ချည်နှောင် ထားလေသည်။
ပရိသတ်များကို ဂါရဝပြု နှုတ်ဆက်၍ လိုက်ပို့ပေးကြပြီး ခမ်းမထဲမှာ နေရာလွတ် တစ်ခုတောင် ရှိမနေပါချေ။
ဇာတ်စင်နောက်တွင် ပြဇာတ်သမများသည် စိတ်လှုပ်ရှားစွာ ပြင်ဆင်နေကြပြီး အစေခံများမှာ ပရိသတ်များကို အပြုံးလေးများ နှင့်အတူ လက်ဖက်ရည်များနှင့် ဧည့်ခံနေကြလေသည်။
ယပ်တောင် တစ်ချောင်းကိုကိုင်၍ နန်းပေါင်ရီက တတိယထပ်က အထူးထိုင်ခုံဆီသို့ ဖြည်းဖြည်း တက်သွားသည်။ ဟန်ယန့်လျန် ကတော့ ပခုံးတစ်ဖက်ခြမ်းကို လှစ်ဟပြထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုင်ဖုံရှည်ပေါ်မှာ မှီရင်း ဖရဲသီး စားနေလေသည်။
သူမက မိန်းကလေးကို မျက်လုံးပင့်၍ ကြည့်လိုက်သည်။
အသက်ဆယ့်လေးနှစ် အရွယ် ကောင်မလေးက အကိုင်းမှ ပထမဆုံး စပွင့်တဲ့ မက်မွန်ပန်းလေးလို သူမနှင့် ပထမဆုံး တွေ့စဉ်ကထက် ပို၍ ချောမောလှပ လာလေပြီ။
"ကျွန်မရှင်နဲ့ မတွေ့ရတာ လအနည်းငယ် ကြာပြီ၊ ကျွန်မတို့၏ နန်းသူဌေးမလေးက မိန်းမပျိုလေး တစ်ယောက်ဖြစ်လာပြီပဲ"
သူမက ရယ်ရင်းဖြင့် "ဒီမိန်းမလှလေး၏ ခါးကျဉ်ကျဉ်လေးကို ကြည့်ပါဦး၊ လာပါဦး မမကို ဖက်ပါဦး"
"ပြဿနာမရှာနဲ့"
နန်းပေါင်ရီက အနည်းငယ် ကျယ်ကျယ် ပြောလိုက်သည်။