အပိုင်း (၄၃၅)
ကျောင်းကျောင်းက အမြဲသူ့ကို နမ်းနေတာ အဘွားကို ဦးတည်ပြီးမေးပါရစေ
နန်းပေါင်ရီ၏ မျက်နှာက တည်ကြည်နေသည်။
လွန်ခဲ့သော နှစ်နှစ်က စကားသံများမှာ သူမ၏နားစည် အတွင်းသို့ ရိုက်ခတ်လာသည်။
သူမ ကြီးပြင်းလာရင် သူမ၏ အရင်ဘဝက ရုံးတော်၏ လျှို့ဝှက်ချက်တွေ၊ အတွေ့အကြုံများနှင့် သူ့ကို ကြီးကျယ်ခမ်းနားသော လမ်းတစ်လမ်းကို ခင်းပေးပြီး လူထောင်ပေါင်း များစွာက သူ့ကိုချစ်ခင် နှစ်သက်လာအောင် သူ့နာမည်ကို သမိုင်းတွင်အောင် လုပ်ပေးချင်တယ်....
တကယ်လို့ အရာရှိ စာမေးပွဲကို အသုံးချပြီး ကျန်းဘုရင်ခံက ရုံးတော်ကို ထိန်းချုပ်နေတယ် ဆိုတာကို သက်သေပြနိုင်ရင် နောင်မှာ သူမအစ်ကို ၂ ၏ ဂုဏ်သတင်းကိုလည်း ထိခိုက်နိုင်စရာ အကြောင်း မရှိတော့ဘူး မဟုတ်လား ...
သူမက တွေးနေစဉ်မှာ ရှောင်းယီက တစ်ဖက်မှာ ပြုံးနေရင်း လက်ဖြင့် သူမ၏ ပါးမို့လေးများကို ဆွဲလိုက်ပြီး "ကောင်မလေး မျက်နှာက ဘာဖြစ်တာလဲ ... လာပါဦး အစ်ကို့ကို ပြုံးပြပါဦး"
နန်းပေါင်ရီက သူ၏ လက်သည်းများကို မနှစ်မြို့သလို တွန်းထုတ်လိုက်သည်။
ရယ်၊ ရယ်နေ၊ ရယ်ဖို့ပဲသိတယ်....
သူမ အတိတ်ဘဝတုန်းက အစေခံများသည် သူ၏ ရထားလုံးကို မြို့ထဲကို ဖြတ်မောင်းသွားပြီ ဆိုရင် လူများသည် သူ့ကို ပုပ်အဲ့နေသော ဥများနှင့် ပစ်ပေါက်ကြသည်။
အတိတ်ဘဝတုန်းက ဘယ်လို နာမည် မကောင်းခဲ့ကြောင်းကိုသာ သူသိမယ်ဆိုရင် ဒီလို ရယ်နေနိုင်ဦး မှာလား ...
သူမက သူ့ကို ကြက်ဥပုပ်များနှင့် ပေါက်တာကို မခံရစေချင်ပေ။
ကြည့်ရတာ သူမက သူ့ကို စောစော ကူညီပေးသင့်ပြီ ထင်သည်။ သူမက ရှောင်းယီကို နက်ရှိုင်းသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
ရှောင်းယီ "....."
ကောင်မလေး၏ အကြည့်က အမေတစ်ယောက်က သားကိုကြည့်သလိုမျိုး သူခံစားနေမိသည်။