အပိုင်း (၄၀၆)
နန်းကျောင်းကျောင်း ဘာတွေတွေ့ကြုံခဲ့ရတာများလဲ
ကုချုံရှန်းက လက်ကိုမြှောက်၍ အစေခံလေးကို နောက်ဘက်မှ ထိန်းထားလိုက်သည်။
သူက ထိုင်ဖုံဘေးမှာ ဒူးတစ်ဖက် ထောက်ထိုင်လိုက်ပြီး ရေခဲတုံးလေးများ ထည့်ထားသော ရွှေအိုးလေးထဲမှ ပုလဲအဆီအနှစ် တစ်စွန်းကို ခပ်ယူလိုက်ပြီး မောင်းမကျန်းကွေ့၏ အရေပြားပေါ်သို့ ညင်သာစွာ စိမ့်အောင် သုတ်လိမ်း ပေးနေသည်။
"ဒါက အမှိုက်လေး တစ်စရှင်းရုံပဲကို ဘာလို့ ကိုယ်တိုင် လုပ်နေတာလဲ။ သတင်းပြန့်သွားရင် ဒီမယ်မယ်ရဲ့ ဂုဏ်သတင်းက ညှိုးနွမ်းသွားပြီး တခြားသူများက မယ်မယ့်ကို ကြမ်းတမ်းတဲ့ သခင်လို့ မှားထင်ကြဦးမယ်"
မောင်းမကျန်းကွေ့က မျက်လုံးကို စားပွဲပုလေးပေါ်သို့ အကြည့်ပို့လိုက်သည်။
သူမက အနက်ရောင် ဆံနွယ်များကို ဆော့ကစားရင်း ကုချုံရှန်းကို ငုံ့ကြည့်၍ လှောင်ပြောင်ဟန်ဖြင့် "ဒီည ဘုရင်ခံကုက ဒီနေ့ စိတ်အခြေအနေ ကောင်းနေပါလား၊ ဟိုခွေးမလေး ဘာဖြစ်သွားပြီလဲ"
"ရှောင်းယီက ကယ်သွားပါတယ်"
ကုချုံရှန်း၏ မျက်နှာ အမူအရာက အေးစက်နေကာ "ကျန်းသခင်လေးက အနောက်ရုံးတော်ကို လာတဲ့အချိန်မှာ ရှောင်းယီက တွေ့သွားပါတယ်၊ အဲ့ဒါနဲ့....."
မောင်းမကျန်းက ခံစားချက် မကောင်းတော့ပေ။
"ဟွမ်အာ အခုဘယ်မှာလဲ"
ကုချုံရှန်းက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်ပြီး ရိုသေစွာဖြင့် ဒူးထောက်ကာ လေသံဖွဖွဖြင့် "ကျွန်တော့်ကို ခွင့်လွှတ်ပါ မယ်မယ်"
ထိုသည်က မိုးခြိမ်းသံလို.....
မောင်းမကျန်းက နှလုံးနေရာကို လက်နှင့် ဖိထားလိုက်ရပြီး လှပသော မျက်နှာက မယုံကြည်နိုင်မှုများနှင့့်် ပြည့်နှက် သွားလေသည်။
သူမ၏အသံက တုန်နေကာ "ဟွမ်အာကို ရှောင်းယီက သတ်လိုက်တာလား"
"ဟုတ်ပါတယ်"