အပိုင်း (၄၃၄)
သူက သူမကိုပွေ့ဖက်ပြီး နမ်းရှိုက်လိုက်တယ်
နန်းပေါင်ရီက သူ၏ရင်ခွင်ထဲမှာ တင်းကျပ်စွာ ချုပ်မိနေပြီး လှုပ်လို့မရ လုနီးပါးပင်။
သူ၏အိပ်မက်များကြောင့် ပိုပို၍ တင်းကျပ်လာခဲ့ပြီး သူမက ခေါင်းလေးကို ရင်ခွင်ထဲမှ ထုတ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားလိုက်ရပြီး သန့်စင်သည့်လေ အနည်းငယ်ကို အမြန်ရှူရှိုက် လိုက်ရသည်။
ပြတင်း အပြင်ဘက်မှာတော့ မိုးက ရွာသွန်းနေဆဲပင်။
အချိန်ဘယ်လောက် ရှိပြီလဲ သူမ မသိချေ။ တဖြည်းဖြည်းဖြင့် သူမ အနည်းငယ် ပင်ပန်း လာတော့သည်။ သူမက ရှောင်းယီကိုဖက်၍ အိပ်လိုက်တော့သည်။
သူမ နောက်တစ်ခေါက် ထပ်ပြီး နိုးလာသောအခါ ထိုင်ဖုံပေါ်မှ ထိုသူက တင်ပျဉ်ခွေချိတ် ထိုင်နေလေသည်။ သူက ကိုယ်လက် သန့်စင်ပြီးပြီဖြစ်ပြီး အဖြူရောင်ပိုးထည် ညအိပ်ဝတ်စုံကို လဲထားပြီး ဖြစ်ကာ သူမကို တိတ်ဆိတ်စွာ ငေးကြည့် နေလေသည်။ သူက အိပ်ပျော်သွားခဲ့တာကြောင့် သူ၏ဒဏ်ရာများ အတော်များများ သက်သာ သွားလေသည်။
နန်းပေါင်ရီက မျက်လုံးများကို ပွတ်သပ် လိုက်ပြီး "အစ်ကို ၂၊ အိပ်ပျော်သွားတယ်"
ရှောင်းယီက သူမ၏လက်ချောင်းလေးများကို ဆုပ်ကိုင်ရင်း သူ့မျက်နှာ ပေါ်မှာတော့ အပြုံးရေးရေးတောင် တင်မနေဘဲ "ငါမင်းအတွက် ယွီဝေ့နဲ့ ချန်ရှင်းကို ပေးထားမယ်၊ အဲ့ဒီ တုံးအတဲ့ ဟယ်ယဲ့က အိမ်တော်မှာ နေပြီး အသုံးမကျဘူး၊ မင်းကို ကုချုံရှန်းက ဖမ်းသွား လိုက်နိုင်တယ်..... ဒီလို အစေခံမျိုးကို ငါ့ကိုသာပေးရင် ဘာမှအသုံးမဝင်ဘူး၊ စားဖို့ပဲ ငွေဖြုန်းနေတာ"
နန်းပေါင်ရီက ခေါင်းညိတ် လက်ခံလိုက်သည်။ အမတ်မင်း၏ အနားက အစေခံများသည် စစ်ရေးလေ့ကျင့်မှု အဆင့်ဆင့်ကို ကျော်ဖြတ်ခဲ့ကြတာကြောင့် သူမ၏ ဟယ်ယဲ့ကို အထင်အမြင် သေးတတ်ကြသည်။ သို့သော် အနားမှာ ယွီဝေ့နှင့် ချန်ရှင်းကို ထားတာကလည်း မဆိုးလှပေ။
အနည်းဆုံးတော့ လက်သီး ဘယ်လို သုံးရမလဲသိပြီး ယွီဝေ့က စားကောင်း သောက်ဖွယ်တွေလဲ ချက်ပြုတ်တတ်သည်။