အခန်း (၃၄): ငြိမ်ငြိမ်လေးနေဖို့ဆိုသည်မှာ...
Words Count: 6514
UNICODE
Ron တစ်ယောက်လှမ်းပေးနေသည့်လက်ဖက်ရည်ပန်းကန်လုံးကို Cale ကြောင်တောင်တောင်ဖြင့်ကြည့်မိသည်။
"...အိပ်ရာမဝင်ခင်ကိုလီမွန်ရည်?"
"မှန်ပါတယ်...သခင်လေး"
အိပ်ရာမဝင်ခင်လီမွန်ရည်သောက်ရသည် နှင့် Cale အသားမကျမိ။ သူ့တွင်သောက်ချင်စိတ်တို့မရှိပါသော်လည်း လက်ဖက်ရည်ခွက်အားဘာစကားတစ်ခွန်းမှထပ်မပြောတော့ဘဲ တစ်ခါတည်းအပြီးမော့ချလိုက်တော့သည်။
ထိုသို့ သူသောက်နေစဥ်အတောအတွင်း Ron ၏အကြည့်တို့သူ့ဆီရောက်လို့နေသည်ကို Cale ခံစားရမိသည်။
သည့်နောက်တွင် Ron ကစကားစပြောသည်။
"သခင်လေး...ကျွန်တော်မျိုးတစ်ခုလောက်တောင်းဆိုလို့ရနိုင်မလား?"
"အဟွတ်...ဘာ? တောင်းဆိုစရာဟုတ်လား?"
Ron ၏ 'တောင်းဆိုစရာ' ဆိုသောစကားလုံးတွင် Cale ၏မျက်လုံးတို့ပြူးကျယ်သွားရပြီး သူသည် အလျင်အမြန်ပင် Ron အားလှည့်ကြည့်မိသည်။ Ron မျက်နှာပေါ် တွင်မူသူ၏ပင်တိုင်အပြုံးနုနုတို့ရှိနေဆဲ။
Cale သည်အတွေးတို့အားမြန်ဆန်စွာတွေးမိသည်နှင့် သူ၏မျက်လုံးတို့မှာမူန်မိူင်းလာသည်။
'ဒီအကြံသမားအဘိုးကြီးက သူအသုံးမကျဘူးလို့ထင်နေတဲ့ငါ့လိုလူဆီမှာတောင်းဆိုစရာရှိတယ် ဟုတ်လား?'
နိမိတ်မကောင်းသလိုဖော်ပြလိုမရနိုင်သည့်ခံစားချက်မျိုးကြီးမှာ Cale ထံသို့လှိုက်တက်လာသလိုပင်။ သူ့မှာ မျက်နှာပေါ် ရှိအသားပိုတစ်ခုကိုဖယ်လိုက်ရာမှ နှစ်လုံးပြန်ထွက်လာသည့်လူကြီးအဖြစ်မျိုးဖြစ်နေသလို ခံစားနေရမိသည်။ [1]
ဒါမှမဟုတ်ရင်လည်း ရွှေပုဆိန်ရော ငွေပုဆိန်ကိုပါလောဘဇောတိုက်ပြီးအပိုင်သိမ်းခဲ့တာကြောင့် ကိုယ့်ရဲ့ပုဆိန်ကိုတောင်ပြန်မပါလာဘဲ လက်ဗလာနဲ့အိမ်ပြန်ခဲ့ရတဲ့သစ်ခုတ်သမား လိုအဖြစ်လိုပေါ့။ [2]
ŞİMDİ OKUDUĞUN
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantastikအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️