အခန်း (၃၃): မင်း (၈)
Words Count: 6716
UNICODE
အိမ်ရှိဘယ်သူကမှ Cale တစ်ယောက်ရုတ်တရက်ကြီးအပြင်သွားဖို့ပြင်သည်ကို ထူးဆန်းသည်ဟုမထင်ခဲ့ကြ။ Ron ကိုလည်းဘယ်မှာမှရှာမတွေ့ မိသည့်အတွက် အပြင်သို့ကိစ္စဖြင့်ထွက်သွားတာသာဖြစ်ရပါမည်။
ဆိုတော့ကား Hans တွင်မေးရန်ရှိသည်က Cale တစ်ယောက်သွားမည့်နေရာသာရှိတော့သည်။
'သခင်လေး..ဘယ်ကိုသွားမလဲဆိုတာကျွန်တော်သိလို့ရမလား?'
'ရတယ်...မင်းစိတ်ပူစရာမလိုဘူး'
'ဟုတ်ကဲ့! ...ဒါပေမယ့် အခုကမြို့တော်ကိုသခင်လေးရောက်တာ ပထမဆုံးနေ့ဆိုတော့ အရက်ပုလင်းတစ်ပုလင်းမှကိုမခွဲဘဲအိမ်ပြန်လာလို့ရမလားဗျာ?'
'...မင်းဒီလိုပဲစည်းကျော်နေတော့မှာလား...Hans?'
'အဲ့လိုလုံးဝမဟုတ်ရပါဘူး...အန္တရာယ်ကင်းကင်းနဲ့သခင်လေးအိမ်ပြန်ရောက်လာဖို့ကို ကျွန်တော်မျှော်လင့်မိတာမို့ပါဗျာ...'
ရထားလုံးပေါ် သို့တက်လိုက်ရင်း ခဏခဏစည်းကျော်နေသည့် လက်ထောက်အိမ်ထိန်း Hans ကိုဘယ်လိုမျိုးကိုင်တွယ်ရမလဲဆိုသည်ကိုစတင်စဥ်းစားမိသည်။
ထိုသို့ သူစဥ်းစားခန်းဖွင့်နေစဥ်မှာပဲရထားလုံးသည် ဘုရားကျောင်းရှေ့သို့ဆိုက်ရောက်ခဲ့သည်။
"သွားကြမယ်"
"ဟုတ်ကဲ့"
ရထားလုံးပေါ် မှဆင်းရန် Cale ကနေရာမှထရပ်လိုက်သည်။ Choi Han မှာသူတို့ရထားလုံးထဲရောက်သည့်အချိန်တည်းက မဟုတ်သေး Cale အခန်းထဲမှထွက်လာသည့်အချိန်တည်းက နူတ်ဆိတ်နေခဲ့သည်ဖြစ်သည်။ မြောက်များစွာလှသောစိတ်ခံစားချက်တို့အစုံမှာ ယခု သူ့ခေါင်းထဲတွင်ရောပြွန်းပွေရူပ်လို့နေလောက်သည်။
Choi Han ၏အကျင့်စရိုက်အကြောင်းကို Cale 'သူရဲကောင်းတစ်ယောက်မွေးဖွားလာခြင်း' စာအုပ်၏အတွဲငါးအထိသာသိရှိထားသည်ဖြစ်သည်။ သို့သော်လည်း Cale ကျိန်းသေသေချာသိသည့်အရာတစ်ခုရှိပါသည်။

VOCÊ ESTÁ LENDO
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasiaအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️