Chapter 13: ကောက်ရခဲ့သည် (၆)
Words Count: 3139
Unicode
....သို့သော် ထိုကျေနပ်မူ၏နောက်ကွယ်တွင် တော့ Cale ရုတ်တရက်ကျောချမ်းသွားမိသည်။ အကြောင်းမှာ Ron တစ်ယောက်ဘာစကားမှမပြောဘဲ လီမွန်လက်ဖက်ရည်တစ်ခွက်လုံးကိုအကုန်သောက်လိုက်လို့ပင်။
ကလက်။
လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ချတဲ့အသံက ဘာကြောင့်များအဲ့လောက်ကျယ်နေရတာလဲ?
တော်သေးတာက Cale တစ်ယောက်တည်းသံသယလွန်ကဲနေတာမဟုတ် သူ့ဘာသူတိတ်တိတ်ဆိတ်ဆိတ် လက်ဖက်ရည်သောက်လို့နေတဲ့ Choi Han လည်းပဲ မျက်မှောင်စကြုတ်လို့လာလေသည်။"နည်းနည်းလောက်တိုးတိုးလေး ကိုယ့်ဘာကိုယ်လက်ဖက်ရည်သောက်လို့မရဘူးလား?"
သူ့အားတရိုတသေဖြင့်ပြောပြီး Cale ဖက်ဆီသို့ချောင်းကြည့်လိုက်သည့် Choi Han ကိုကြည့်ရင်း Ron မရယ်မိအောင်ထိန်းထားရသည်။
ဒီနေ့ Choi Han အတွက်အသုံးဝင်လောက်မည့် ဓားတစ်လက်ကိုရှာတွေ့ ခဲ့သည်လေ။ထိုဓားမှာ Beacrox ၏ဟင်းချက်ဓားကိုပြုလုပ်ပေးခဲ့သောပန်းပဲဆရာ၏လက်ရာပင်။
'စမ်းကြည့်ချင်လား?'
'လူတစ်ယောက်ကို ဟင်းချက်ဓားနဲ့ခုတ်ဖို့လုပ်နေတဲ့လူနဲ့ ငါတိုက်ခိုက်မှာမဟုတ်ဘူး'
သူ့သား Beacrox ဟာ ထိုဓားနှင့် Choi Han သူ့အားတိုက်ခိုက်ရန်ဆက်တိုက်ပြောခဲ့သည်။
အကြောင်းမှာ အရင်တစ်ခေါက်သူတို့တိုက်ပွဲဆီမှတဆင့် Choi Han ၏အင်အားကို Beacrox သိရှိခဲ့ရပြီးထက်ပိုသိချင်သည့်အတွက်ပင်။သို့သော် Choi Han ကသူ့အားငြင်းဆန်ခဲ့သည်။
'ဟိုး...တော်တော်ရယ်ရတဲ့ကောင်ပဲ...ဘာလဲငါလည်းမင်းလိုမျိုး...သွေးစွန်းနေတဲ့ဓားမျိုးယူလာမှရမှာလား?'
Choi Han Beacrox အားပြန်မဖြေခင် ခဏမျှမျက်လုံးမှိတ်လိုက်ပြီးနောက် ပြန်ဖွင့်ကြည့်လိုက်သည်။ သူ့ကြည့်ရတာတစ်စုံတစ်ရာအားအတည်ပြုနေဟန်။
'ကျွန်တော်-ကျွန်တော်အခုချိန်ကစပြီး ကာကွယ်ပေးတဲ့လူတစ်ယောက်ဖြစ်သွားပြီ...သူကကျွန်တော့်လိုလူမျိုးလည်းအဲ့လိုလုပ်နိုင်တယ်လို့ပြောတယ်'

YOU ARE READING
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasyအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️