Chapter 9: Picked It Up (2) // NBR 🙅‍♀️

341 33 0
                                    

Unicode

Chapter 9: ကောက်ရခဲ့သည် (၂)

words count: 6513

မနေ့ကထက်နစ်ဆပိုကြီးတဲ့အိတ်ကိုထမ်းရင်း Cale ဆင်ခြေဖုံးရပ်ကွက်ထိပ်ဆီသို့
ဦးတည်သွားလိုက်သည်။ မောင်နစ်မနစ်ယောက်ဟာလည်း အဲ့နေရာမှာသူ့ကိုထပ်ပြီးကြိုဆိုနေပြန်သည်။

ကလေးနစ်ယောက်ဟာပါးစပ်ကိုလုံနေအောင်စေ့ထားရင်းCaleကိုစိုက်ကြည့်လို့နေကြသည်။

Cale ဟာခပ်ပြုံးပြုံးနှင့် အထုပ်အသေးလေးနစ်ထုပ်ကိုထုတ်ပြီး ကလေးတွေဆီသို့ထိုးပေးလိုက်သည်။

"ယူလိုက်"

ကလေးမလေးဟာသူ့နားကို ဖြေးဖြေးချင်းတိုးကပ်လာသည်။ ညစ်ပတ်နေတဲ့မီးခိုးရောင်ဆံပင်ရှိ ကောင်မလေးသူ့နားကိုကပ်လာတာကြည့်ရင်း Cale မျက်မှောင်ကြုတ်မိသည်။ သူမရဲ့လက်ဟာသူမရဲ့ကိုယ်တစ်ဖက်မှာ တင်ထားပြီး Caleဆီကိုထော့နဲ့စွာ လျှောက်လို့လာနေလေတယ်။

"ဟေ့"

Caleဟာအထုပ်နစ်ထုပ်ကိုကောင်လေးဆီသို့ထိုးပေးလိုက်ရင်း-

"မင်းလာပြီးယူလိုက်"

ကောင်ကလေးဟာခပ်မြန်မြန်ပဲ အထုပ်နစ်ထုပ်ကိုဆွဲယူကာပြန်ပြေးသွားသည်။ Caleရဲ့အနီရောင်တောက်တောက်ဆံပင်နဲ့ယှဉ်ရင် ကောင်ကလေးမှာက သူပြေးတိုင်းလူပ်ခါသွားတဲ့မွဲခြောက်ခြောက်အနီရောင်ဆံပင်တို့ရှိလေသည်။

ဒီ့နောက် Cale လှည့်ကာ လူသားစားအပင်ရှိရာသို့လျှောက်သွားလိုက်သည်။

"ဝါး"

"ပေါင်မုန့်တောင်မဟုတ်ဘူး အသားနဲ့ကိတ်ပဲ!"

မောင်နစ်မနစ်ယောက်ရဲ့ အစားအသောက်အကြောင်းပြောနေသံကိုကြားနေရပေမယ့် Cale ဂရုမစိုက်မိ။ ဆက်ပြီးသာလူသားစားအပင်ရှိရာနေရာဆီသို့လျှောက်သွားခဲ့သည်။

"...နည်းနည်းတော့ကြောက်ဖို့ကောင်းသား"

အရွက်တွေတစ်ရွက်မှရှိမနေတဲ့အမည်းရောင်သစ်ပင်ကြီးဟာသူ့ရဲ့အကိုင်းအခတ်တွေကို လူပ်ရင်းCaleကိုကြိုဆိုနေသယောင်။ ဒီခြောက်ချားစရာခံစားချက်ကCaleကိုစိတ်လူပ်ရှားအောင်လုပ်နေတယ်ဆိုပေမယ့် အိတ်ထဲမှာရှိတဲ့အရာတွေကိုသစ်ပင်အောက်ကအပေါက်ထဲသူသွန်ချခဲ့ပါသည်။

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 1Where stories live. Discover now