အခန်း (၄၅): တစ်နည်းနည်းနဲ့ (၃)
Words Count: 5133
UNICODE
ဘွန်း-
ဘွန်း~~!
အရှေ့တစ်ခေါက်ကပေါက်ကွဲထွက်ခဲ့သည်မျိုးနှင့်နိူင်းယှဥ်လို့ပင်မရနိုင်သည့် ပေါက်ကွဲမှုကြီးနှစ်ခုမှာရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲထွက်သွားခဲ့၏။ လူများအားလုံးမှာမြေပြင်ပေါ် သို့ငုံ့ဆင်း၍ သူတို့၏ခေါင်းအားလက်တို့ဖြင့်ကာကွယ်ကြတော့သည်။
"အားးးးးး!!"
"အား...ငါ့...ငါ့လက်!"
"အားးးး!!"
လူများ၏ထိခိုက်ဒဏ်ရာရရှိသံ သေဆုံးနာကျင်သံတို့မှာပလာဇာအတွင်းသို့ပျံ့နှံ့သွားခဲ့၏။ ထို့နောက်တွင်တော့-
မိုးပြေးလေးရွာနေသလိုမျိုးလေပြေတစ်ချက်မှာလူတို့၏ခေါင်းပေါ် ကနေမှရှပ်ပြေးတိုက်ခတ်လာခဲ့သည်။ ပလာဇာအလယ်တွင်းရှိလူတို့မှာမြေပြင်ပေါ် မှဖုန်တို့ဖြင့်ပေလူးကုန်၍ ရေပန်းနားရှိလူတို့မှာလည်း ရေပန်းတွင်းမှရေတို့ဖြင့်စိုရွဲကုန်ကြကာ ဖြေးဖြေးချင်းသူတို့၏ခေါင်းကိုမော့ကြည့်မိတော့သည်။
ပထမဦးဆုံးသူတို့မြင်တွေ့ မိတာကတော့ မြောက်ဖက်သို့ဦးတည်ပြေးသွားသည့်အရာတစ်ခုကိုပင်။ ဒိုင်းကာကိုဖန်တီး၍ကာကွယ်ခဲ့လိုက်ခြင်းကြောင့် မည်သည့်တော်ဝင်မိသားစုဝင်မှထိခိုက်ဒဏ်ရာမရရှိခဲ့ပေမယ့် သူတို့နားတစ်ဝိုက်ရှိလူများကတော့ အထိအခိုက်ရှိသည်။
ယင်းတို့မှာ ပလာဇာအတွင်းသို့ဦးစွာလာ၍ ဘုရင်မင်းမြတ်ကို ဘယ်သူမှမလာခင်အရင်ကြိုဆိုဖို့စောင့်ဆိုင်းနေခဲ့ကြသူများပင်ဖြစ်သည်။ ထိုသူများသာမက အစေခံများ၊ ရာထူးနိမ့်အမှုထမ်းများ၊ အဆင့်နိမ့်ရဲမက်များနှင့် အကာအကွယ်လုပ်ဖို့အချိန်မရခဲ့လိုက်သည့် Mage များသည်လည်းထိခိုက်ဒဏ်ရာရသွားခဲ့ကြသည်။
သူတို့ထဲမှအချို့မှာပွန်းပဲ့သွားရုံသာဖြစ်ပြီး တစ်ချို့ကတော့အသက်ဆုံးရူံးသွားလေပြီဖြစ်သည်။ အနက်ရောင်မီးခိုးလုံးကြီးများမှာ တော်ဝင်မိသားစု၏ရွှေအိုရောင်ဆံနွယ်တို့ကိုမမြင်ရအောင်ပြုလုပ်နေလျက်။

ČTEŠ
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasyအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️