UNICODE
Chapter 5: သူတို့တွေတွေ့ကြပြီ (၂)
Word count: 8734
'မနက်အစောပိုင်းလောက် ဂိတ်ကနေသူမောင်းထုတ်ခံရလိမ့်မယ်'
သူချစ်ခင်ရတဲ့ရွာသားတွေရဲ့အလောင်းကိုမြေမြုပ်ပေးပြီးတဲ့နောက် Choi Hanဟာ ရွာသားတွေဆီကကြားဖူးခဲ့တဲ့နေရာကိုတန်းသွားခဲ့တယ်။
အဲ့နေရာက ဒီအနောက်ရပ်မြို့တော်ပဲပေါ့။
အထက်တန်းပထမနစ်အရွယ်တည်းကဒီကမ္ဘာကိုရုတ်တရက်ပို့ဆောင်ခြင်းခံခဲ့ရပြီးနောက်
တစ်ယောက်တည်းဆယ်စုနစ်ပေါင်းများစွာကြာအောင် Choi Han နေထိုင်ခဲ့ရလေတယ်။သူ့ဘဝရဲ့အချိန်တော်တော်များများကို 'အလင်းမဲ့တောအုပ်' ထဲမှာရုန်းကန်ရင်းကုန်ဆုံးခဲ့ရတယ်ဆိုတဲ့အချက်က Choi Han ကို ပုံမှန်ထက်ပိုရင့်ကျက်စေခဲ့ပြီး ထိုကြောင့်ပဲ မတော်တဆမူကြီးဖြစ်ပြီးတဲ့နောက် သူဟာတခြားသူတွေထက်ပိုပြီး
အကျိုးသင့်အကြောင်းသင့်စဉ်းစားနိုင်ခဲ့တယ်။'ရဲတိုက်ရဲ့သခင်ကြီးဆီကိုဒီအကြောင်းသတင်းသွားပို့ရမယ်'
Harris ရွာဆိုတာဝေးလံခေါင်းပါးတဲ့ရွာငယ်တစ်ရွာဆိုပေမယ့်လည်း သူဟာမြို့စားHenituseရဲအုပ်ချုပ်မူအောက်မှာရှိနေသေးတာမို့ Choi Han ဟာအနောက်ရပ်မြို့ဆီကို တည့်တည့်မတ်မတ်လာခဲ့ပြီး အနည်းဆုံးတော့ရွာသားတွေအတွက်အသုဘလေးတစ်ခုလောက်ကျင်းပနိုင်ဖို့မျှော်လင့်နေခဲ့မိတယ်။
သူစိတ်လွတ်သွားချိန်တုန်းကသတ်မိခဲ့တဲ့လုပ်ကြံသတ်ဖြတ်တဲ့သူတွေဆီကလည်းဘာမှမေးလို့မရခဲ့တဲ့အဆုံး ထိုလူတွေနဲ့ပတ်သတ်တဲ့သတင်းအချက်အလက်တွေကိုရှာဖွေဖို့သူကြံစည်ခဲ့မိတယ်။ ဒါပေမယ့် လက်စားချေခြင်းထက်အရင် ဆုံးပါးသွားသူတွေကိုအသေချာပို့ဆောင်ပေးဖို့ကအရေးကြီးပါတယ်။
'သေချာစဉ်းစားကြည့်လိုက်တော့ သူကကြင်နာတတ်သားပဲ'
သို့သော် အလင်းမဲ့တောအုပ်အတွင်း၌ဆယ်စုနစ်ပေါင်းများစွာတစ်ယောက်တည်းဖြတ်သန်းခဲ့ပြီးတဲ့နောက် ပထမဆုံးအနေနဲ့ဖြင့် သူ့ကို ချစ်ခြင်းမေတ္တာအကြောင်းပြသပေးခဲ့တဲ့လူတွေကိုဆုံးရူံးလိုက်ရတဲ့ Choi Han တစ်ယောက်စိတ်မဖောက်ပြန်သွားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

ŞİMDİ OKUDUĞUN
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantastikအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️