အခန်း (၁၂): ကောက်ရခဲ့သည် (၅)
Words Count: 3482
Unicode
ကြောင်ပေါက်လေးနှစ်ကောင်အား Cale ဘယ်လောက်ပဲ အကြမ်းပတမ်းပွတ်သတ်ပစ်ပစ် သူတို့လေးတွေသည်ငြိမ်သက်စွာပင် Cale အားစိုက်ကြည့်လျက်ရှိနေသည်။Cale Choi Han နှင့် ဆုံခဲ့သည့်ပထမဆုံးအချိန်ကိုပြန်စဉ်းစားမိသည်။
ဒဏ်ရာရထားသော ငွေရောင်ကြောင်လေးဟာ မာန်ဖီနေခဲ့ပြီး သူ့ဘေးကကြောင်နီလေးကတော့ညှောင်သံပြုနေခဲ့သည်လေ။
'ငွေရောင်ကြောင်လေးက မီးခိုးရောင်ဆံပင်နဲ့အကြီးမလေးဖြစ်နိုင်ပြီး အငယ်ကောင်လေးက ကြောင်နီလေးဖြစ်လောက်တယ်'
Cale ၏မျက်နာတွင်တော့တောက်ပတဲ့အပြုံးတစ်စုံရှိလို့နေ၏။
သူဟာ ကြောင်ပေါက်လေးတွေကိုစိုက်ကြည့်ရင်း ဆိုသည်။
"ငါတို့နောက်မှစကားပြောကြတာပေါ့"
တောကောင်လူမျိုး (Beast People) ဖြစ်ဟန်ပေါ် တဲ့ မောင်နှမနစ်ယောက်ဟာ Cale ၏အကြည့်အားရှောင်လိုက်ပြီး Hans ကတော့အူကြောင်ကြောင်နှင့်။
"...သခင်လေးပြောတာကျွန်တော့်ကိုလား?"
"မင်းမဟုတ်ဘူး"
Cale နှင့် ကြောင်ပေါက်လေးတွေကို စိတ်ရူပ်ထွေးနေသောမျက်နာအမူအရာနှင့်ကြည့်နေသည့် Hans တစ်ယောက် ကြောင်လေးတွေကိုပိုလို့တင်းကြပ်စွာထွေးပွေ့လိုက်သည်။
ထိုအပြုအမူမှာ သူသည်အန္တရာယ်ရှိသောလူတစ်ယောက်လက်မှရှောင်ရှားချင်နေသည် ဆိုသည့်ပုံစံမျိုးပင်။
သို့သော်လည်း သူဟာ Cale အနားသို့ထပ်တိုးကပ်လိုက်ရပါသည်။
"သခင်လေး အပြင်ထပ်ထွက်ဦးမှာလား?"
"ဟုတ်တယ်"
မေးရခြင်းမှာ Cale သူ၏ကုတ်အကျီကိုလဲ၍ အပြင်သွားဖို့ပြင်ဆင်နေလို့ပင်ဖြစ်သည်။
"ဘယ်ကိုထပ်သွားမှာလဲ?"
"ကတိတစ်ခုတည်စရာရှိပြီး တွေ့စရာလူလည်းရှိလို့"

YOU ARE READING
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasyအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️