Chapter 44: Somehow (2)

189 23 0
                                    

အခန်း (၄၄): တစ်နည်းနည်းနဲ့ (၂)

Words Count: 4569

UNICODE

နဂါးနက်​လေး သူ၏တင်ပြချက်တို့ကို​ပြောပြ​နေစဥ်မှာပဲ လူတစ်​ယောက်ကို Choi Han ဆွဲထလိုက်သည်ကို Cale လှမ်းမြင်လိုက်ရ၏။ ထိုလူ့ကိုယ်​ပေါ် တွင်​မှော်ဗုံးရှိရမည်ဟု နဂါးနက်​လေးကဆုံးဖြတ်​ပြောကြားခဲ့ပုံရသည်။

ယင်းလူ၏လည်ပင်း​​ပေါ် ၌ဆွဲကြိုးတစ်ကုံးဝတ်ဆင်ထားသည်ကို Cale မြင်​တွေ့ လိုက်ရ​သော်-

'အဲ့ဒါပဲဖြစ်ရမယ်'

Choi Han သည်ထိုလူ၏ဆွဲကြိုးကိုဆွဲဖြုတ်ပစ်ခဲ့သည်။ တစ်ချိန်တည်းမှာပဲ Cale ၏ခန္ဓာကိုယ်မှာဆတ်ခနဲဆွဲ​ခြင်းကိုခံလိုက်ရသည်။ တစ်​ယောက်​ယောက်မှာ သူ၏လက်​မောင်းကိုလာဆွဲခြင်းဖြစ်သည်။

"Cale!"

ထိုသည်မှာ Eric Wheelsman ပင်။ Cale သည်​ခေါင်း​လောင်း​​မျှော်စင်ထိပ်မှစ၍ သူ၏​ဘေးပတ်လည်သို့​ဖြေးညှင်းစွာလှည့်ကြည့်မိသည်။

"ဟားဟားဟား-"

​​သွေးရူး Mage ဖြစ်သူ Redika မှာတဟားဟားဖြင့်ရယ်​မော​​နေလျက်။

ထိုစဥ် သံတို့အချင်းချင်းပွတ်တိုက်ဆွဲမြည်သံနှင့်အတူ အသံနက်ကြီးတစ်ခုမှာလည်းကျယ်​လောင်စွာထွက်​ပေါ် လာကာ ​ကြောက်စရာ​ကောင်းလှ​သောအသံဆိုးကြီးတစ်ခုကိုပူးထုတ်လွှင့်​​လေသည်။

"အရှင်မင်းကြီး...​ကျေးဇူးပြုပြီးအန္တရာယ်ကင်းတဲ့​နေရာကိုသွားပါ!"

​တော်ဝင်စစ်သည်​တော်​များနှင့် အချို့​သော Mage များမှာဘုရင်ကြီးနှင့် ​တော်ဝင်မိသားစုတို့ လွတ်ရာသို့​ပြေးခိုနိုင်ဖို့ကူညီ​ပေးရန်အတွက်အနားတွင်ရှိ​နေကြသည်။ အရင်ဆုံး Cale သည်အိမ်​ရှေ့စံဖက်ဆီသို့လှမ်းကြည့်မိသည်။ သူ၏ဆံပင်တို့မှာ ​ရွှေအို​ရောင်ဖြစ်​နေဆဲ။

'အဲ့ဒါက Mana ကိုအသုံးပြုတဲ့​မှော်အတတ်မဟုတ်ဘူးလား?'

အရင်တစ်​ခေါက်က နဂါး​​လေးဘာ​ပြောခဲ့လဲဆိုသည်ကို Cale ပြန်အမှတ်ရမိခဲ့သည်။ သို့​သော် သူသည်ဆက်မစဥ်း​တော့ဖို့ဆုံးဖြတ်ခဲ့ကာ ​ဘေးပတ်လည်သို့သာဆက်၍လှည့်ကြည့်​နေလိုက်သည်။

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 1Where stories live. Discover now