Chapter 35: Being Still (2)

10 4 0
                                    

အခန်း (၃၅): ငြိမ်ငြိမ်​လေး​နေဖို့ဆိုသည်မှာ (၂)

Words Count: 5433

UNICODE


Rosalyn ကပြုံးသည်။

"ရှင့်ကိုဆန်ကုန်​မြေ​​လေးတစ်​ယောက်လိုကြားထားတာ...ကြည့်ရတာအကုန်လုံးကအလိမ်အညာ​တွေကြီးပဲနဲ့တူတယ်"

Cale ​​တွေးထင်ထားသည့်အတိုင်း Rosalyn ကချက်ချင်းဆိုသလိုပင်တ​​လေးတစား​​ပြောခြင်းကိုရပ်တန့်လိုက်သည်။ လူ​တော်​တော်များများကအခြားတိုင်းပြည်တစ်ပြည်က မင်းသမီးတစ်ပါးရဲ့အသွင်အပြင်မည်သို့မည်ပုံရှိသလဲဆိုတာ မသိ​လောက်ကြ​ပေမယ့် မျိုးရိုးမြင့်များက​တော့ထိုသို့မဟုတ်။

နည်းနည်းအဆင့်နိမ့်သည့်မျိုးရိုးမြင့်များဆိုရင်​တော့ ယင်းကဲ့သို့​သောသတင်းအချက်အလက်တို့ကိုရယူရန်ခက်ခဲ​လောက်မှာဖြစ်​ပေမယ့် Henituse မိသားစုလိုမြို့စားအဆင့်က​တော့ အခုလို တစ်ပါးတိုင်းပြည်ရဲ့​တော်ဝင်မိသားစုအပြင် အထက်တန်းလွှာတို့အ​ကြောင်းကိုသိရှိထားဖို့ဆိုတာ အ​ခြေခံဗဟုသုတတစ်ရပ်ဖြစ်​လေသည်။

မျိုးရိုးမြင့်တစ်​ယောက်ဘဝတွင် အ​ပျော်အပါးကြီးပဲရှိသည်မဟုတ်။

Rosalyn ၏တုံ့ပြန်ချက်အား Cale ကအခုလိုပြန်​ပြောခဲ့သည်။

"ကျွန်​တော်ကဆန်ကုန်​မြေ​လေးတစ်​ယောက်အဖြစ်နဲ့​ကျော်ကြားတယ်ဆို​ပေမယ့်လည်း...Mage တစ်​ယောက်က​တော့အာရုံငါးပါးကိုအ​ခြေခံပြီးမှ ​ဝေဖန်ဆုံးဖြတ်သင့်တယ်​နော်"

"သခင်​လေး Cale ​ပြောတာမှန်ကန်ပါတယ်...ကျွန်မတို့ Mage ​တွေကကိုယ်​တွေ့ ကြုံ​တွေ့ဖူးတဲ့အရာကိုမှယုံကြည်ရတာပါ"

Rosalyn ၏စကားအသွားအလာ​ပြောဆိုပုံမှာ တစ်မျိုးထူးဆန်းသည်ဟု Cale ခံစားမိရသည်။ သူမက ကိုယ့်ကိုကိုယ်မင်းသမီးတစ်ပါးအ​နေနဲ့ရည်ညွှန်း​ပြောဆိုတဲ့အခါကျ ရင်းနှီး​ဖော်​ရွေတဲ့​လေသံမျိုးနှင့်​ပြောကာ သူမကိုယ် သူမ Mage တစ်​ယောက်အ​နေနဲ့ရည်ညွှန်းရင်​တော့ သူမ၏​လေသံက ကိန်းကြီးခန်းကြီးနိုင်လှသည်။

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 1Where stories live. Discover now