Chapter 43: Somehow

2 0 0
                                    

အခန်း (၄၃): တစ်နည်းနည်းနဲ့

Words Count: 4955

UNICODE

မည်သို့ပင်ဆို​စေကာမူ ရထားလုံးအတွင်းထဲတွင်​တော့​ဗြောင်းဆန်လို့​နေပြီဖြစ်သည်။ ​ဒူးနှစ်ဖက်လုံးတုန်ယင်နေသည့် Neo ကိုကြည့်ရင်း Cale စိတ်ထဲတွင်စုတ်သပ်မိသည်။ ထိတ်ထိတ်ပျာပျာဖြစ်​နေသည့် Neo မှာစိုးရိမ်ပူပန်မှုတို့ဖြင့်ပြည့်နေပုံ။ သူသည်သာမက မျိူးရိုးမြင့်​တော်​တော်များများမှာလည်း​ယောက်ယက်ခတ်ကုန်ကြလျက်။

'Venion မျက်နှာကြည့်ရတာလည်းမဟန်ဘူး'

ရထားလုံး​ပေါ် သို့မတက်​လိုက်ခင် Cale သည် Venion ၏မျက်နှာအား ရ​အောင်​ချောင်းကြည့်ခဲ့သည်။ Venion မှာ​ဒေါသမီးဟုန်တို့​တောက်​လောင်လျက်ရှိ​နေ၏။

အခုလိုမျိုးဖြစ်လာမယ်လို့ဘယ်သူကများသိမှာတဲ့လဲ?

Stan မိသားစုရဲ့ပစ်ပယ်ခြင်းကိုခံခဲ့ရတဲ့ Taylor Stan ကအခုဆိုဝှီးချဲရဲ့အကူအညီမပါဘဲနဲ့ ကိုယ့်​ခြေ​ထောက်နဲ့ကိုယ်လမ်း​လျှောက်နိုင်​နေပြီတဲ့​လေ။ ထပ်ပြီး​ပြောရရင် Stan မိသားစုဝင်တစ်​ယောက်က အိမ်​ရှေ့စံမင်းသား Alberu နံ​ဘေးတွင်ရပ်လို့​နေ၏။ ထိုကဲ့သို့​သော အ​ပြောင်းအလဲအားမည်သူကမှ​မျှော်လင့်ထားမည်မဟုတ်။

'ကုသ​​ပေးနိုင်​သောကြယ်စုကိုရ​အောင်သူအ​ပေးအယူလုပ်နိုင်ခဲ့သားပဲ'

ကုသ​ပေးနိုင်​သောကြယ်စုအတွက်နဲ့ အိမ်​ရှေ့စံ နှင့် Taylor အကြားမည်သို့​သောအ​ပေးအယူမျိုးလုပ်ခဲ့သလဲဆိုတာကို Cale သိချင်မိ​ပေမယ့်သူ Taylor ဖက်ကိုတစ်ချက်​​လေး​တောင်လှည့်​မကြည့်ခဲ့ပါ။

အလားတူပင် Neo Tolz သည်နေရာတွင်ထိုင်ကာဒူးကိုအဆက်မပြတ်လူပ်​လျက်ဖြင့် Taylor နှင့်ဆန့်ကျင်ဖက်ဆီသို့မျက်နှာမူ​နေ​လေသည်။

"သခင်​လေး Taylor...သခင်​လေးရဲ့​ခြေ​ထောက်​​တွေအပြည့်အဝသက်သာသွားပြီလား?"

လူအများအားလုံးသိချင်​နေသည့်​မေးခွန်းသည်သတိကြီးကြီးဖြင့်အ​မေးထုတ်လာခဲ့၏။ Taylor ကအပြုံး​လေးနဲ့ပြန်​ဖြေသည်။

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 1Место, где живут истории. Откройте их для себя