Unicode
အခန်း (၈): ကောက်ရခဲ့သည်
words count: 4251
ညအချိန်။လက်ထောက်အိမ်တော်ထိန်းHansဟာမြို့စားကြီးDeruthရှေ့မှာမတ်တပ်ရပ်နေရသည်။ သူရဲ့တင်ပြစရာရှိတာတွေကိုDeruthကဆုံးသည်အထိတိတ်တဆိတ်နားထောင်နေလေသည်။
"အခုသူ သူ့ရဲ့အခန်းထဲမှာအိပ်ပျော်နေပါတယ်"
Hansနောက်ဆုံးတော့တင်ပြစရာကုန်သွားခဲ့ပြီး Deruthဟာစကားစပြောလိုက်သည်။
"လှည်းသမားကဒီနေ့သူ Flynn ကုန်သည်အဖွဲ့အစည်းရဲ့တရားမဝင်သားလက်ဖက်ရည်ဆိုင်ဆီကိုသွားခဲ့တယ်ဆိုပြီး သတင်းပို့ထားတယ်။ ဒီနေ့တစ်နေ့ထဲနဲ့တင် ဘယ်ကမှန်းမသိတဲ့ကောင်လေးတစ်ယောက်ကိုသူခေါ် လာတယ်။ သောက်တဲ့နေရာမှာဆိုရင်လည်း နည်းရုံဆိုလောက်လေးပဲသောက်ပြီး သူခေါင်းကိုကြည်အောင်ထားထားတယ်..."
Hansရဲ့အစီရင်ခံစာကတိုတယ်ဆိုပေမယ့် Deruth ကအဲ့အစီရင်ခံစာတိုနေတယ်ဆိုတဲ့
အချက်ကိုအလွန်စိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်မိသည်။"နောက်ယောင်ခံဖို့တစ်ယောက်လောက်ခေါ် လိုက်ရမလား?"
Deruth သူ့လက်ကိုခါရမ်းရင်းHansရဲ့
အကြံကိုငြင်းလိုက်သည်။ အပြင်မှာသူ့သားတစ်ယောက်ဘာတွေလုပ်နေလဲဆိုတာကိုသိရဖို့နောက်ယောင်ခံလိုက်ခိုင်းရတဲ့အထိ အဲ့လောက်သူစိတ်ဝင်စားခြင်းမရှိပါ။"မလိုဘူး။ ဒီမြို့ထဲမှာသူရှိနေသ၍ သူလုပ်သမျှအကုန်လုံးကငါ့လက်ထဲမှာပဲရှိတယ်"
DeruthကHansကို လက်ထောက်အိမ်တော်ထိန်းအငယ်လေးတွေထဲမှာအားအကိုးဆုံးဖြစ်သည်။ အကြောင်းက Hansဟာအမိန့်မှာကြားချက်တွေကို အသေချာလိုက်နာပြီး လူကောင်းတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ပင်။
"မင်းလုပ်နေကျအတိုင်းCaleကိုဆက်ပြီးအိမ်ထဲမှာပဲစောင့်ကြည့်နေလိုက် ပြီးတော့မင်းမြင်သမျှငါ့ကိုတင်ပြ ဟုတ်ပြီလား"
"ကျွန်တော်နားလည်ပါပြီ"
Hansဟာအပိုစကားတစ်ခွန်းမှထပ်မပြောဘဲ သူ့ခေါင်းကိုဦးညွတ်လိုက်သည်။

YOU ARE READING
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasyအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️