အခန်း (၃၆): ငြိမ်ငြိမ်လေးနေဖို့ဆိုသည်မှာ (၃)
Words Count: 5040
UNICODE
Choi Han သည် Cale ဖက်သို့လှည့်၍အမေးမပြုခင် နဂါးနက်လေးအားစိုက်ကြည့်မိသည်။
"အကုန်လုံးကိုကျွန်တော်တို့သွားဖျက်စီးရမှာလား?"
"မဟုတ်ပါဘူး...လုံးဝအဲ့လိုမဟုတ်ဘူး"
'ဘယ်လိုဖြစ်လို့အဲ့ကောင်ရဲ့အတွေးတွေကအစွန်းရောက်ရောက်သွားရတာတုန်း?'
Cale သည်ကုတင်ပေါ် လှဲချလိုက်ရင်း Choi Han အားလက်ဖြင့်ဝေ့ရမ်းပြ၍-
"မြန်မြန်သွားပြီး ခဏနေပြန်လာခဲ့...အို...ပြီးတော့ဦးထုပ်ဆောင်းလာခဲ့ဦး"
"နားလည်ပါပြီ"
အခန်းထဲမှထွက်သွားပြီး Hans ကိုတစ်စုံတစ်ခုသွားမပြောခင် Choi Han မှာအိပ်ယာဘေးတွင်ရှိသောမီးအိမ်မှအပ ကျန်မီးများကိုမှိတ်ပေးခဲ့လေသည်။ Cale ကတော့မျက်လုံးကိုမှိတ်ထား၍ အိပ်ချင်ယောင်ဆောင်နေလျက်။
သိပ်မကြာလိုက် အခန်းတံခါးမှာညှင်သာစွာပိတ်လို့သွားခဲ့ပြီး လက်ထောက်အိမ်ထိန်းဖြစ်သူ Hans ဝင်မလာတော့။ တံခါးပွင့်နေစဥ်အချိန်က ကိုယ်ယောင်ဖျောက်လို့ထားသည့် နဂါးနက်လေးသည် တံခါးပိတ်လို့သွားသည်နှင့် သူ၏ကိုယ်ဖျောက်အတတ်ကိုဖျောက်လိုက်ပြီး ကုတင်ပေါ် သို့ဆင်းသက်လာသည်။
စိုးရိမ်သည့်လေသံဖြင့်ပြောနေသည့်နဂါးလေး၏အသံနှင့်အတူ အိပ်ယာ၏တစ်ဖက်ခြမ်းမှာအိကျလို့သွားသည်။။
"မင်းတကယ်အိပ်ပျော်သွားလို့မဖြစ်ဘူးနော်"
နဂါးလေး၏စကားကိုကြားရပြီးနောက် Cale တွေးမိတာက-
'ဒီနဂါးအတွက်ငါက လေးနှစ်သားကလေးများဖြစ်နေတာလား?'
သက်ပြင်းတစ်ချက်ကိုချလိုက်၍ Cale ကကုတင်ပေါ် မှထလိုက်သည်။ ခဏအကြာတွင်တော့ ဝတ်ရုံခြုံလို့ထားသည့် Choi Han သည်အခန်းတွင်းသို့ပြတင်းပေါက်မှတဆင့် တဖန်ဝင်ရောက်လာသည်။

ESTÁS LEYENDO
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasíaအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️