🧝Chapter 56
မြောင်ဟယ်တို့မိသားစုက သည်မှာကျန်ခဲ့ပြီး အိမ်တက်ပွဲသို့ မသွားကြောင်းသိလိုက်ရသောအခါ ရန်သာ့လန် မျက်နှာပျက်၊သိက္ခာကျ ရတော့မည်ဖြစ်သောကြောင့် မြောင်ကျွယ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးဆိုသည်။
"တခြားသူတွေရော ဘယ်လိုနေလဲ"
"ဪ အရင်က ပဲပိစပ်မရောင်းတဲ့ မိသားစုတချို့လည်း ရှိတယ်...သူတို့က ရန်သာ့လန်တို့အိမ်ကို သွားကြတယ်...ဒါပေမဲ့ အဲဒီမှာခြောက်ကပ်နေမှာပဲ...ကျွန်မတို့ အိမ်ရှေ့လောက်တော့ မစည်မှာ သေချာတယ်"
အဒေါ်ယင်က ပြုံးကာဆိုသည်။"ဟုတ်တယ် အဘိုး"
အဒေါ်ယင်၏သမီး မြောင်ကျင်းအာက ကြားရသည်ကို စိတ်မရှည်တော့ပေ။သူမသည် ရာသီသစ် နွေရာသီ အဝတ်အစားအများနှင့် ပန်းပုတီးစေ့များကိုဝတ်ဆင်ထားခဲ့သည်။၎င်းတို့ကို ကြွားရန် အပြင်ထွက်ရန် စောင့်ဆိုင်းနေသော်လည်း သူမသည်မှာပြောသမျှကို နားထောင်နေရဆဲဖြစ်သည်။သူမက ချွဲကာပြောလိုက်၏။
"ဒီနေ့ ရွာသူရွာသားတွေ အားလုံးက အဘိုးရဲ့ မျက်နှာကြောင့်ဒီကိုလာခဲ့ကြတာအဘိုးရဲ့... စည်စည်ကားကားဖြစ်အောင်လို့လေ... တချို့က စောစောရောက်လာပြီး စောင့်နေကြတာ၊ တခြားသူတွေတော့ ပြောမနေနဲ့ အဘိုး... လူတွေကို အကြာကြီး စောင့်ခိုင်းလို့မရဘူးနော်အဘိုး... ဒီနေ့ အဘိုးက အိမ်ရှင်...သူတို့က ဧည့်သည်တွေလေ"
သေချာသည်ပင်၊အနှီမြှောက်ပင့်မှုက မြောင်ကျွယ်ကို ပျော်သွားစေသည်။သည်ကနေ့ကိစ္စ၏နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိပေမဲ့ ယခုလိုခမ်းခမ်းနားနားလုပ်နိုင်သည့်အတွက်
မြောင်ကျွယ်အတော်လေးဂုဏ်ယူမိလေသည်။သူက ရယ်မောရင်းဆိုလိုက်၏။"အေးပါ အေးပါ...ကျင်းဝါကျစ်ပြောတာမှန်တယ်... ငါတို့ လူတွေကို စောင့်နေခိုင်းလို့မရတော့ဘူး...အခုပဲ အပြင်ထွက်ကြရအောင်... အပြင်မှာ ပွဲစဖို့ အချိန်တန်ပြီ"
မြောင်သွမ့်အာက စိတ်ထဲမှာအတွေးတစ်ခုပေါ်လာပြီးမေးလိုက်သည်။
"အဘိုးပြောခဲ့တဲ့ ကျောင်းသားက ဒီကိုရောက်နေပြီလား"