🧝Chapter 43
ရက်နှစ်ဆယ်သည် တိုတောင်းသည်လည်းမဟုတ်၊ ရှည်ကြာသည်လည်းမဟုတ်။ရွာလူကြီးက မြောင်လီတို့ မိသားစုအတွက် နေရာတိုင်းတွင် ဖာဖာထေးထေး ပြောပေးနေချိန်တွင် အဒေါ်ယွီက သူမနှင့် တွေ့သမျှလူတိုင်းကို သူအ၏သံသယများအကြောင်းဆွေးနွေးနေသည်။
မကြာခင်မှာပဲ မြောင်လီတို့မိသားစုက ပဲပိစပ် စိုက်ချင်သောကြောင့် ရန်သာ့လန်တို့မိသားစု၏ မြေကို လိုချင်နေခြင်းဖြစ်ကြောင်း ရွာတစ်ဝက်လောက်က သိသွားခဲ့သည်။ယင်းက နောက်ဆုံးမှာ ရန်သာ့လန်က မြေကိုစွန့်လွှတ်ပြီး သူ့အိမ်သစ်ဆီကို ပြောင်းရွှေ့ရသည့် အကြောင်းရင်းဖြစ်လေသည်။
အခြားအရာများကဲ့သို့ပင်၊ လူတို့၏ယုံကြည်လိုစိတ်သည် ၎င်းတို့၏ထင်မြင်ယူဆချက်များပေါ်တွင်မူတည်သည်၊ ထို့ကြောင့် သူတို့ဆန္ဒအလျောက်လုပ်သည်ဖြစ်စေ၊ အတင်းအကြပ်ခိုင်းစေခြင်းကြောင့်ဖြစ်စေ အမြင်က ၎င်းတို့အပေါ်တွင် မူတည်လေသည်။အဒေါ်ယွီ၏ဗားရှင်းကို လူအများစုက သဘောကျကြသည်။ ရန်သာ့လန်တို့အိမ်တစ်လုံးဆောက်နေသည်က ငြင်း၍ မရပေ။ ရွာသားများ၏အမြင်တွင်၊ ဈေးနည်းသောပဲပိစပ်ကဲ့သို့သော သီးနှံများစိုက်ပျိုးရန် နေအိမ်ကို ဖြိုချပြီး တစ်ဖက်လူကို အိမ်သစ်ဆောက်စေခြင်းမှာ သာမန်ထက်ကျော်လွန်ပြီး မတွေးတတ်အောင်ပါပင်။
ဆေးခန်းမှ ထွက်ခွာပြီးကတည်းက ရန်သာ့လန်ကိုသွား မတွေ့တော့သည့် မြောင်ချမ်းက ထိုအကြောင်းကို သဘာဝအတိုင်း ကြားသွားသည်။ နောက်ဆုံးတွင် သူ မနေနိုင်ဘဲ ရန်သာ့လန်၏အိမ်သို့ ဒေါ်သတကြီးပြေးသွားခဲ့သည်။မကြာသေးမီက သူ့အမေက ကောပဲဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် လက်ထပ်ခိုင်းနေပြီး သူဘာကြိုက်သည်ကိုအတင်းပြောခိုင်းနေသဖြင့် စိတ်တိုပြီး ရန်သာ့လန်ကိုပင်သွားမတွေ့ချင်ခဲ့ပေ။
သူရောက်လာသောအခါတွင် ထိုလူနှင့် မြောင်ဟယ်က ယခင်ကထက် ပိုမိုနီးကပ်လာသည်ကို တွေ့လိုက်ရပြီး မြောင်ချမ်း ပို၍ပင် မှုန်ကုပ်ကုပ် ဖြစ်သွားသည်။
"သာ့လန်...ဒီလိုကြီးကြီးမားမားကိစ္စဖြစ်သွားတာတေင် ငါ့ကိုဘာလို့မပြောတာလဲ...ငါတို့က ဘောင်းဘီတစ်ထည်အတူတူဝတ်ပြီးကြီးလာကြတာ... ငါတို့ ဘယ်တုန်းက ဒီလောက်စိမ်းသွားတာလေ... မင်းနားထဲကို တစ်ယောက်ယောက်က မဟုတ်တရုတ်စကားတွေ ရွှေနားတော်သွင်းနေတာလား"