🧝Chapter 39
သူတို့ သုံးယောက်လုံး တစ်ဝက်မောင်းထုတ်ခံရ တစ်ဝက်ကန်ထုတ်ခြင်းခံရပြီး ထွက်သွားကြသည်။ရန်သာ့လန် အတွက် တောင်းပန်လက်ဆောင်အဖြစ် ယူဆရသည့်ကြက်ကိုပင် ပြန်ယူသွားကြသည်။
ထိုကြိုဆိုဖွယ်မရှိသော အိမ်ကြီးကို ပြန်လှည့်ကြည့်သောအခါမှ သည်အိမ်ထဲကပိုက်ဆံ(အိမ်အတွက်ရင်းနှီးထားသည့်ပိုက်ဆံ)တော့သွားပြီထင်တယ်ဟု သူတို့တွေးမိခဲ့ကြသည်။
ပထမတော့ မြောင်လီ ထိုမေးခွန်းကို ပြန်ဝင်မေးမည်ပြုပေမဲ့ သူ့မိန်းမက သူ့ကို ဆွဲထားပြီး သူ့ကိုငေါက်လေသည်။
"ဟိုကတောင်ပိုက်ဆံကြောင်းမပြောတာကို တော်ကဘာအတွက်ပြန်လှည့်နေတာလဲ...ပိုက်ဆံပိုကုန်အောင်လို့လား...အရူး မသွားနဲ့...ရွာလူကြီးက အငုတ်ကအကိုင်းထက်မထွက်စေချင်လို့ ရန်သာ့လန်အတွက် ငြင်းဖို့ အကြောင်းပြချက်ဖြစ်မှာစိုးပြီး သူတို့နှစ်ယောက်ကို အိမ်အတွက်ပိုက်ဆံဘယ်လောက်ကျလဲ မမေးခဲ့တာ... သူက ဘာမှမပြောဘူးဆိုတော့ အဲဒါကို သုံးရမှာပေါ့"
မြောင်ဟယ်က လူတွေ ထွက်သွားပြီးသည်နှင့် မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။
"ဒီမြေကို တကယ်လက်လွှတ်မှာလား"သူတို့မှာ တခြားမြေကွက်တွေ ရှိပြီးသားဆိုသည် သေချာသည်ပင်။သူတို့မှာ သူတို့ကာလကြာရှည်စွာ နေထိုင်ခဲ့သည့် နေအိမ်ကိုလည်း ထားရှိပိုင်ခွင့်ရှိသည်။ သို့သော်လည်း ယင်းက အခြားသူများအတွက် လမ်းဖောက်ရန်သက်သက်ဖြစ်လာခဲ့သည်။
ရန်သာ့လန် မီးမရှိဘဲ မီးခိုးမထွက်မှန်းသိသည်။ထို့ကြောင့် ကောလေးကိုတောင်းပန်ရုံသာတတ်နိုင်ခဲ့သည်။
" ဒါ ကိုယ့်အမှားပါ...ကိုယ့်မှာ စိတ်ပူစရာတွေ အရမ်းများနေတယ်"
'ကိုယ့်ရဲ့ လုပ်နိုင်စွမ်းက မလုံလောက်ဘူး'မြောင်ဟယ် ဒုတိယအဒေါ်ရန် နှင့် တခြားသူတွေကို တွေးကြည့်လိုက်သည်။
ရှေးခေတ်ကပဲဖြစ်ဖြစ် အခုခေတ်မှာပဲဖြစ်ဖြစ် အိမ်ခေါင်မိုးအောက်မှာ လူတွေ နေသည့်အခါ ဒေသခံ စီမံခန့်ခွဲမှုကို ဆန့်ကျင်စော်ကားခြင်းက ကောင်းသည့်အကြံမဟုတ်ပါချေ။