Chapter 53

697 96 0
                                    

🧝Chapter 53

တစ်ချိန်တည်းမှာပင် ယခင်က တို့ဟူးနှောင်းက အရသာမရှိဟုထင်ခဲ့သော အဝေးရှိ ခရိုင်တွင် နေထိုင်သည့် သခင်လေးရှုက လက်ဆောင်တစ်ခု ရုတ်တရက် ရရှိခဲ့သည်။

"သခင်လေးရှု...ကျီမိသားစုဆေးစင်တာက  စာရေးက သခင်လေးအတွက် လက်ဆောင်တစ်ဘူးနဲ့ စာတစ်စောင် ပို့လိုက်ပါတယ်... ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ"

ရှုမင်က ဘေးပတ်ပတ်လည်က အစေခံများကို လက်ညှိုးတထိုးထိုးနှင့် ခရီးဆောင်အိတ်များကို ထုပ်ပိုးခိုင်းနေချိန်မှာ တည်းခိုခန်းမန်နေဂျာက ဇိမ်ခံ အခန်းထဲဝင်လာပြီး ၎င်းကို လေးလေးစားစားပြောလာသည်။၎င်းကိုကြားသောအခါ ရှုမင်က စာကိုယူပြီး အရင်ဖတ်လိုက်သည်။ ခဏအကြာတွင် မျက်ခုံးပင့်လာသည်။

"ငါတို့ရဲ့ ပဏ္ဏာတော်ဝိုင်ကို တောင်းချင်လို့တဲ့လား ...ကျစ် ဒီလူအိုကြီးကလည်း စိတ်ဝင်စားဖို့ကောင်းတာပဲ...တကယ်ကို လက်မလျှော့ဘူး"

ဝိုင်ကြိုက်သည့် သမားတော်အိုကြီးကျီမင်းဝမ်က အစားအသောက်ကို ဇီဇာကြောင်သည့် သူနှင့် တူညီမှုတချို့ရှိလေသည်။စောစောက မြောင်ရွှေမြို့ကိုသွားတုန်းက ကံကြမ္မာကြောင့် ဆုံမိခဲ့ကြပြီး စကားစမြည်ပြောပြီးသည်နှင့် တစ်ယောက်နှင့်တစ်ယောက် ရာသက်ပန်သူငယ်ချင်းတွေလို ရင်းနှီးလာခဲ့သည်။သူတို့မိသားစုက တော်ဝင်ကုန်သည်ဟူသည့် အရည်အချင်းများရှိကြောင်း သိပြီးနောက်တွင်ပင် ဤအဘိုးကြီးက လည်လွန်းလှသည်။ တ​ခြားဘာမှ မတောင်းဘဲ ပဏ္ဏာ​တော်ဝိုင်​ဝေစုတစ်စုကိုပဲ တောင်းလေသည်။

သို့ပေမဲ့ ပဏ္ဏာ​တော်ဝိုင်ပမာဏက တင်းကျပ်ထားပြီး တစ်ရက်နှစ်ရက်အတွင်း ချက်၍ရသည့် အရာ မဟုတ်ပါချေ။လူတိုင်းကိုပေးသည့်အသုတ်တစ်ခုစီ၏ ပမာဏကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားပြီး လက်ထဲတွင် အပိုရှိနေလျှင်ပင် အရေးပေါ် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် အသုံးပြုရမည်ဖြစ်သည်။

သည်အတိုင်းယူ၍ မည်သို့ဖြစ်မည်နည်း။

ထို့ကြောင့် ပဏ္ဏာ​တော်ဝိုင်တောင်းချင်လျှင် အနည်းဆုံး နှစ်အနည်းငယ်စောင့်ရ​လေသည်။ထိုအကြောင်း ကျီမင်းဝမ်ကို သူ ဘယ်နှစ်ကြိမ်ပြောဖူးလဲမသိ၊သို့တိုင် အဘိုးကြီးက တကယ် မယုံသေးပေ။ရှုမင် ဤကိစ္စအတွက် အလွန်ကြီး စိတ်အနှောက်အယှက်ဖြစ်သည်မျိုးမဟုတ်ပေ။အမှန်မှာ ၎င်းတွင် ကိုယ်ကျိုးအတွက်အသုံးချမည့် စိတ်ကူးမရှိ၊ ဖြူစင်သောဝါသနာတစ်ခုသာဖြစ်သည်။ တစ်စုံတစ်ဦးက သူ၏ပဏ္ဏာ​တော်ဝိုင်ကို အလွန်သဘောကျ​နေသည့်အတွက်လည်း ဝမ်းသာစရာပင်။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now