Chapter 47

583 106 2
                                    

🧝Chapter 47

ရန်သာ့လန်၏ နက်မှောင်သော မျက်လုံးများက ပို၍ပြေလျော့လာသည်။မြောင်ဟယ် အိမ်တွင် ထူးဆန်းသောအရာအချို့ရှိပြီး ယင်းက ရန်သာ့လန်ကို ပြန်တွေးတောစေလိမ့်မည်မှန်းသည်။ တစ်နေ့မှာ သူအမှန်အတိုင်းပြောမှာဖြစ်ပေမဲ့ ယခုအချိန်မှာ လူတွေကြားချင်သည့်အရာကိုပဲ သူရွေးချယ်နိုင်မှာဖြစ်၏။သေချာသည်ပင်၊ဤသည်က သူ၏ကိုယ်ပိုင်စကားအမှန်များလည်းဖြစ်သည်။

ရုတ်​တရက်​ ထိုလူက သူ့ကိုကောက်ပွေ့ လိုက်​သည်​။
"ဘာ...ဘာလုပ်နေတာလဲ"
သူက တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေတာလေ...

"ရေချိုးခန်း"
ယင်းက အကြီးကြီးဖြစ်ပြီး လူနှစ်ယောက်ရေချိုးနိုင်လေသည်။

"..."
ဒီလူ လက်တွေ့အသုံးချတာ အရမ်းမြန်လွန်းမနေဘူးလား...

ထိုအချိန်တွင်၊သာ့ပိုင်းက ၎င်း၏ အသစ်ရရှိထားသော ကြောင်သစ်ပင်​ပေါ်တွင် ပျော်ရွှင်စွာ တက်လိုက်ဆင်းလိုက် လုပ်နေသည်။

ယခု​ချိန်မှာ သူ့ကို ဘယ်သူမှ ဂရုမစိုက်ဘူးဆိုလျှင်ပင် သူ့အတွက်ပျင်းစရာရှိမနေ။

***

အိမ်အသစ်တွင် တစ်ညအိပ်ပြီးနောက် မြောင်ဟယ် နောက်တစ်နေ့တွင် စိတ်ခံစားချက်အသစ်ဖြင့် နိုးလာသည်။မြောင်ဟယ် ခေါင်းယမ်းပြီး မျက်နှာကို ပွတ်သပ်လိုက်သည်။ ထိုအချိန်တွင် ရန်သာ့လန်က နိုးနေပြီဖြစ်သည်။

အိပ်ယာမှထကာ အဝတ်အစားလဲပြီးနောက်တွင် ရေသန့်ဇလုံနှင့် မျက်နှာသုတ်ပုဝါများကို သူ့ဘေးနားရှိ ဗရိုအနိမ့်ပေါ်တွင် ပြင်ဆင်ထားသည်ကို မြောင်ဟယ်တွေ့လိုက်ရသည်။ခဏလောက် မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးနောက် တစ်စုံတစ်ယောက်ကို ရှာရန် အပြင်သို့ထွက်ခဲ့သည်။ ယခုအချိန်မှာ ခြံတစ်ခုလုံးကို စိတ်ကြိုက်ခြယ်လှယ်နိုင်ပြီဖြစ်၍ မြောင်ဟယ်မစောင့်နိုင်တော့ပေ။

အိမ်ဆောက်ရန်အတွက် သည်မတိုင်ခင်နှင့်​နောက်ပိုင်းကုန်ကျစရိတ်က 26၊27တေးခန့်ဖြစ်သည်။မူလစီစဉ်ထား သော ​တေးနှစ်ဆယ်ထက် များစွာပို​လေသည်။ချွီလောင်က အနာဂတ်မှာ သူတို့ဘာသာသူတို့ ရေခဲလုပ်၍ရအောင် သူတို့အတွက် ယမ်းစိမ်းတွေ ခွဲဝေပေးမည်ဟု ကတိပေးသည့်အတွက် မြောင်ဟယ် မနေနိုင်ဘဲ နောက်ထပ် ငါး​တေးခြောက်​တေးလောက် ကုန်ကျသည့် အပြာရောင်အုတ်မြေအောက်ခန်းကို ထပ်ထည့်ခဲ့သည်။ကံကောင်းထောက်မစွာ၊ ဟင်းသီးဟင်းရွက်နောက်အသုတ်အတွက် ပိုက်ဆံက သူ့အိတ်ထဲရောက်လာသဖြင့် အပိုကုန်ကျစရိတ်ပေးရန် နောင်တမရခဲ့ပါချေ။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now