Chapter 52

604 93 0
                                    

🧝Chapter 52

ရန်သာ့လန်၏ မျက်လုံးများက ချန်းရုံ၏အပြူအမူကို တိတ်တဆိတ် မှတ်ထားလိုက်သည်။ကောလေး၏ အခြေအနေကို တွေးကြည့်​နေချိန်တွင် သူ့နောက်မှ တစ်ယောက်ယောက်က ရုတ်တရက် ချောင်းဟန့်လာသည်။

"သာ့လန် ဒီနေ့ ဝိုင်သောက်ဖို့ လာတာပဲ... အရမ်းကောင်းတယ်... ဒါကမင်းလုပ်သင့်တဲ့အရာပဲ...ဦးလေးလီရဲ့ အိမ်အသစ်ကို မင်းလည်းမြင်ပြီမလား...အဲဒီအိမ်သစ်....."

ရန်သာ့လန်၏နောက်မှာ ရပ်ပြီး စကားပြောနေသူက ရွာလူကြီးပါပင်။

ရွာလူကြီးက အလုပ်ရုံကနေအကူအညီတောင်းခဲ့သေးပေမဲ့ မည်သို့ပင်ဖြစ်စေ လူတိုင်း သူ့ကိုထောက်ခံအားပေးရန် ဤနေရာကို ရောက်လာခဲ့သည်။ယခု ရန်သာ့လန်ကိုမြင်သောအခါ ကျည်ဆန်ကို ကိုက်ပြီး နှုတ်ဆက်လိုက်ရသည်။သူသည် တစ်ယောက်ယောက်က
" ကောင်းကောင်းဆောက်ထားတာပဲ" သို့မဟုတ် "ကောင်းကောင်းပြီးသွားတာပဲ" ကဲ့သို့သောစကားများကို ယဉ်ကျေးမှုအရပြောသည်ကို စောင့်ချင်ခဲ့သည်။ထိုမှသာ သူ စကားဆက်ပြောနိုင်ပြီး ဘာပြဿနာမှမရှိယောင်ဆောင်နိုင်မှာဖြစ်သည်။

သို့သော် လူများက သူဆက်ပြီးပြောမည်ကိုသာ စောင့်နေ​​ကြပြီး မည်သူမှ စကားထောက်မလာပေ။ ရွာလူကြီးက ရှက်ကိုးရှက်ကန်းနှင့် စကားအနည်းငယ်ဖြင့်ရှင်း​ပြလိုက်ရသည်။

"ကံမကောင်းဘူးကွာ...မင်းရဲ့ဦးလေးလီ နဲ့ အဒေါ်တို့က ပြဿနာတက်သွားကြတယ်လေ... မင်းရဲ့ဦးလေးလီက သူ့ခြံကိုငှားခဲ့တာကို မင်းသိပါတယ်...
အလုပ်ရုံမှာ အလုပ်လုပ်ပြီး မိသားစုက သူ့ဒုတိယအစ်ကိုရဲ့ ခြံဝင်းထဲမှာနေတယ်...အားနာပေမဲ့ သူကမရွှေ့နိုင်မှာစိုးနေတယ်...ဦးလေးလီ မြေရသွားပြီလို့ သူ့မရီးဖြစ်သူက ကြားတော့ စိုးရိမ်စိတ်က သဘာဝအတိုင်း ဖြစ်သွားတယ်...ဘာပဲဖြစ်ဖြစ် သူရွှေ့လိုက်ရတယ်...စိတ်ပျက်....."

"ဘာတွေစိတ်ပျက်နေတာလဲ"
ရွာလူကြီး၏ နောက်မှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

မြင်ကွင်းသည် ပုစဉ်းရင်ကွဲတစ်ကောင်ကို ရှိခိုးကောင်ကချောင်းနေချိန်မှာ ၎င်း အနောက်တွင် ငှက်​ရွှေဝါက ရှိနေသည်နှင့်ခပ်ဆင်ဆင်တူသည်။

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now