🧝Chapter 48
အဒေါ်ယွီ မသိသည်က ဤအကြောင်းကြောင့် ရွာလူကြီး၏ အကြီးဆုံးတူ မြောင်ကွေ့က အလုပ်ရုံသို့ မ၀င်နိုင်ခဲ့ပေ။အလုပ်များသည့်ရွာသူကြီး အလ
ဟဿ အလုပ်ရှူပ်သွားခဲ့သည်။ဆိုတော့ ရွာသူကြီး စိတ်ထဲမှာ ဘယ်လိုလုပ်အဆင်ပြေမလဲ...
သူကူညီပြီးပြီ၊ အလုပ်ပြီးသွားပြီဟု သူ အမြဲတွေးခဲ့သည်။ရန်သာ့လန်က အိမ်ကိုဖြိုလိုက်လျှင်ပင် မြောင်လီတို့ မိသားစုက တူညီသောမြေကွက်ကို ရရှိနေသေးသည်။အဒေါ်လီ ငိုချင်းချလိုက်သည်် ဇာတ်ကွက်ကြောင့်သာ မဟုတ်လျှင် မြောင်မင်းက နောင်မှာ လျန်အိမ်တော်ပေါ်တွယ်တက်ရန် ဟယ်ကောအာကို တောင်းဆိုနိုင်သေးသည်။ ထို့ကြောင့် အဒေါ်လီ၏ မကောင်းမှုများသည် နောက်ဆုံးတွင် သူ့အပေါ် ကျရောက်လာပြီး မျက်နှာပင် ပျက်သွားခဲ့သည်။
ရွာလူကြီးက ဤအဖြစ်ကို လက်ခံရန် ခက်ခဲနေခဲ့ပြီး မြောင်ကျွယ်အား အနည်းငယ်အရုပ်ဆိုးသောအမူအရာဖြင့်ဆို၏။
"လူကြီးမင်းမြောင် ဒါက အစတုန်းက ငါတို့ပြောခဲ့သလိုမဟုတ်ဘူးလေ"မြောင်ကျွယ်က သူ့စိတ်ထဲမှာ ဘာလုပ်ရမှန်းမသိပေ။သူက ရှက်ရွံ့ဟန်အမူအရာဖြင့် သက်ပြင်းသာချရင်းဆိုလိုက်ရုံသာတတ်နိုင်သည်။
"အင်း တခြားဘာပဲ ဖြစ်ဖြစ် ဒီမြောင်က အရင်က သဘောတူခဲ့ပါတယ်... ဒါက ဒီအဖြစ်အပျက်အပြီးမှာ စီးပွားရေးတွေ တိုးတက်လာလို့ပဲ... အခု... ရွာလူကြီး ဒီအတွက် စိတ်မရှည်မဖြစ်ပါနဲ့...နောင်မှာ အလုပ်ရုံရဲ့ အတိုင်းအတာကို ချဲ့ထွင်နိုင်ရင် မြောင်ကွေ့ရဲ့ အခွင့်အရေးက မရှိမဖြစ် လိုအပ်မှာ သေချာပါတယ်"
ရွာလူကြီး… ရွာလူကြီး သူ့မျက်ကိုခွာချဝံ့ဦးပါ့မည်လော။
သူလုပ်နိုင်သမျှက အခုတလော ရန်သာ့လန်ကို ရှောင်ခြင်းသာဖြစ်လေသည်။
****
မြောင်ဟယ်က အထက်ပါအကြောင်းအရာများကို မသိခဲ့ဘဲ ၎င်းကို သူ၏ကိစ္စဖြစ်သည်ဟုလည်း မထင်ခဲ့ပေ။ သူက အဒေါ်ယွီနှင့် စကားစမြည်ပြောပြီး အချိန်ကုန်ခဲ့သည်။အိမ်ပြန်ရောက်သောအခါ၊ ခြံစည်းရိုးတံခါးဘေးရှိ ရန်သာ့လန်ကြိုတင်ပြင်ဆင်ထားသည့် ချိတ်စင်ပေါ်တွင် ပန်းပဲဆိုင်မှ ဝယ်လာသည့် နွားခလောက်အနည်းငယ်ကို ဦးစွာချိတ်ဆွဲလိုက်သည်။ကြိုးကို ရိုးရှင်းစွာဆွဲပြီးနောက်၊ ကိုယ်တိုင်လုပ်ထားသော တံခါးဘဲလ် ပြီးသွားလေပြီ။
![](https://img.wattpad.com/cover/347028359-288-k998789.jpg)