🧝Chapter 35
ဧည့်သည်တွေ ထွက်သွားပြီးသည်နှင့် အဒေါ်မြန်ဟုလူတွေခေါ်ကြသည့် ရွာလူကြီး၏ ဇနီးဖြစ်သူ ဖုန်းမြန်က တံခါးကနေ ချောင်းကြည့်ကာ ဝမ်းသာအားရ မေးရန် ဝင်လာခဲ့သည်။
"ဟယ်ကောအာနဲ့သာ့လန်က ဘာလို့လာလည်တာလဲ...သူတို့ဘူးသေးသေးလေး သယ်လာတာကို အဝေးက မြင်လိုက်ရတယ်...သူတို့ ကျုပ်တို့ကို ထပ်ပြီး တစ်ခုခုပေးပြန်တာလား...အိုက်ရား ကျုပ်ပြောပါတယ်... ဒီကလေးတွေက တော်ရှာတယ်လို့... သူတို့ လာလည်တိုင်း တစ်ခုခု ယူလာဖို့ သိတယ်"
လက်ဆောင်တစ်ခု လက်ခံရရှိသည်နှင့် အဒေါ်မြန်က အရင်ဆုံးပြေးယူမည့်သူ ဖြစ်သည်။ ရွာလူကြီးက ပိုစိတ်တိုသွားပြီးပြောလေသည်။
"အဲဒါတွေကို အာရုံစိုက်မနေနဲ...လူတစ်ယောက်ရဲ့ စရိုက် ကောင်း၏ဆိုး၏က လက်ဆောင်တစ်ခုတည်းနဲ့ ဆုံးဖြတ်နိုင်တဲ့ အရာမဟုတ်ဘူး"
အဒေါ်မြန်က ခါးထောက်လိုက်သည်။
"အလိုတော်...တော့်ရဲ့မဖြစ်စလောက် လစာနဲ့ ကျုပ်သာ ဒီအရာတွေကိုအာရုံစိုက်မနေဘူးဆိုရင် မနက်ကနေ ညအထိ လယ်ထဲမှာ အလုပ်မလုပ်ဘဲ မိသားစုက ဘယ်လိုလုပ် အဆင်ပြေနိုင်မှာလဲ...ကောင်းပြီ တော်မကြိုက်ရင် တော့်အတွက်ဝေစုကို ကျုပ်ဖြတ်လိုက်မယ်...ဟယ် တိုက်တိုက်ဆိုင်ဆိုင် မြို့ထဲမှာရောင်းတဲ့ သကြားညိုကိတ်မုန့်ဖြစ်နေတာပဲ...တော့်ရဲ့မြေးတော်တော်များများက ဒါကိုစားရတာကြိုက်ကြတယ်...ကျုပ်သူတို့နဲ့မျှစားလိုက်မယ်"ရွာလူကြီးက ကိတ်မုန့်ကို ကြည့်ကာ နှာခေါင်းရှုံ့ပြသည်။
"ဒါလေးကိုလား...မင်းက သူတို့ပေးတဲ့ဟာတွေနဲ့ပျော်နေ... အဲဒီဟာတွေကတစ်လက်မမှမရွေ့ဘဲ တောင်ကုန်းတစ်ခုကို ရခဲ့လို ငါတို့ကိုဝတ်ကျေတမ်းကျေ ဒါလေးတွေလာပေးကမ်းတာ... မင်းကတော့ တဟီးဟီး ရယ်နိုင်ပေမဲ့ ငါကမရယ်နိုင်ဘူး၊ရယ်လည်းရယ်မှာမဟုတ်ဘူး""တောင်လား...ဘယ်လိုဖြစ်ပြီးလဲ..."
အဒေါ်မြန်က သူ့ကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။ရွာလူကြီးက ရန်သာ့လန်၏ ပိုင်ဆိုင်မှု လွှဲပြောင်းရေး လက်မှတ်ကို အစီရင်ခံရန် ရောက်လာသော ဖြစ်စဥ် တစ်ခုလုံးကို ဒေါသတကြီး တချိုးတည်း ပြန်ပြောပြသည်။