Part - 1

686 23 1
                                    

At 7:00 AM

တီ....တီ....တီ....

“ဟာ....သူများအိပ်လို့ကောင်းနေတုန်းကို ဒီနှိုးစက်ကလာမြည်နေတယ်....”

ခဏအကြာ နှိုးစက်သံပိတ်ပြီး တွယ်တာတစ်ယောက်ပြန်အိပ်ပျော်သွားလေသည်။

ဒေါက်....ဒေါက်....ဒေါက်.....

“တွယ်တာ.....သမီးလေး......တွယ်တာရေ....ထတော့လေ သမီးရေ”
“lock မချထားဘူးမေကြီးးရေ ‌၀င်ခဲ့လို့ရတယ်”
“‌ဟောသမီးလေး မထသေးဘူးလား....သမီးဘဲဒီနေ့ကျောင်းသွားအပ်မယ်ဆို ညကတောင်စောစောထမယ်ဆိုပြီး နှိုးစက်ပေးထားပြီးတော့”
“မေကြီးရယ် တွယ်တာမထချင်သေးဘူး....နည်းနည်းလောက်အိပ်ချင်သေးတယ်”
“မရဘူးလေသမီးရဲ့ သမီး၉နာရီအမှီပြန်လာရမှာလေ ဒီနေ့သမီးဖေကြီးကို သမီးကားပေးလိုက်ရမှာလေ”
“ဟင် ဘာလို့လဲ မေကြီးရဲ့”
“သမီးဖေကြီး ကားပျက်နေလို့ကား၀ပ်ရှော့ပို့ထားရတယ်လေ ညထဲကပြောထားတာကို”
“အာ....ဟုတ်သား ‌တွယ်တာမေ့နေတာ
မေကြီး ၁၀မိနစ်ဘဲစောင့် တွယ်တာဆင်းခဲ့မယ်”
“ဟုတ်ပါပြီ ငါ့သမီးလေးကလိမ္မာတယ်”
“ဟီးးးမေကြီးသမီးလေးဘဲလေ”
_____________

တွယ်တာမောင်သည် ဦးဇော်မြတ်အောင်နဲ့ဒေါ်ခင်သူဇာတို့ရဲ့ တစ်ဦးတည်းသောသမီးလေးဖြစ်သည်။မောင်သည် သမီးမိန်းကလေးဆိုပေမယ့် မိန်းမသားဆန်ဆန်မနေတတ်ပေ။အအိပ်နဲ့အစားဆိုလျှင် အအိပ်ကိုပိုမက်တတ်သေးသည်။ သူ့အားမည်သူမဆိုခေါ်လျှင် “ဗျာ....” ဟုထူးတတ်သေးသည်။ “ဗျာ” ဟု ထူးသောအကျင့်ကိုငယ်ငယ်ကတည်းက မိဘတွေဘယ်လောက်ဆူဆူ ဘယ်လောက်ရိုက်ရိုက်မပျောက်‌
ကစားလျှင်လည်း ယောကျာ်းလေးတွေနှင့်သာကစားတတ်သည်။မိန်းကလေးအဆော့တစ်ခုမှမဆော့တတ်။ကြီးလာပြန်တော့လည်း ဖခင်ဖြစ်သူကမိန်းကလေးဖြစ်သူမို့ အချက်အပြုတ်သင်စေချင် မောင်ကအချက်အပြုတ်ဆိုလုံးဝစိတ်မ၀င်စားပေ။ကားတစ်စီးနဲ့လျှောက်သွားနေရသည်ကိုနှစ်သက်သူဖြစ်သည်။အဲ့အချင်းကိစ္စကြောင့် ဖခင်ဖြစ်သူနဲ့ခဏခဏပြဿနာဖြစ်တတ်သည်။မိဘတွေတောင်မနိုင်‌သော တွယ်တာမောင် အားလိမ္မာအောင်ထိန်း‌နိုင်သူမှာ ကမ္ဘာပေါ်‌တွင်နှစ်ဦးသာရှိသည်။ တစ်ဦးကတော့ သူ့၉တန်းကျောင်းသူဘ၀က သူ့ရဲ့အချစ်ဦးဆရာမဖြစ်လေသည်။နောက်တစ်ဦးကတော့.....?🤐
___________
“ဝါးးး....”
“အမလေးးး....လန့်လိုက်တာ သမီးရယ်”
“ကန်တော့မေကြီးးး သမီးစချင်စိတ်လောသွားလို့😁ဒီနေ့ breakfast က အယ် ဟင်းရည်နံ့လေး မွှေးနေတာဘဲ မဟုတ်မှလွဲရော”
“ဟုတ်ပ ဒီနေ့သမီးအကြိုက် မေကြီးကိုယ်တိုင် မုန့်ဟင်းခါးချက်ထားပေးတာ”
“ရေးးးဒါမှ ဒို့မေကြီးကွ မွ...မွ....မွ....”
“ကဲ ဒီသားအမိတွေဘာဖြစ်နေကြတာလဲ ဆူညံ‌လို့..”
“ဒီမှာလေ တော့်သမီးပေါ့ သူစားချင်တာစားရလို့ပျော်နေတာ”
“ဟားးးဟားးးငါ့သမီး‌လေးကလေ ကလေးလေးကြနေတာဘဲ”
“ဖေကြီးကလည်း ကလေးမဟုတ်တော့ပါဘူး ၂၀ တောင်ပြည့်တော့မှာကို ဟွန့်”
“ဘယ်လိုဘဲကြည့်ကြည့် ဖေကြီးတို့မျက်စိထဲမှာတော့ကလေးဘဲဟေ့ နော့်ခင်ရေ......”
“ဟုတ်ပ ဟုတ်ပ ကိုဇော်ရေ.....”
“ကဲ ကြီးတင်ရေ ဟင်းရည်နံ့ကမွှေးနေတော့ဗိုက်ဆာပြီ ထည့်လိုက်တော့”
"ဟုတ်ကဲ့....ဆရာ”

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now