Part - 16

868 33 0
                                        

ဒီနေ့တစ်နေ့လုံး တွယ်တာနှင့်တီချယ်တို့နှစ်ဦးသား အဝေးကသာတစ်ယောက်ကိုတစ်ယောက်မြင်ရပြီးပြုံးပြနှုတ်ဆက်ရုံသာအချိန်ရှိကြသည်။တွယ်တာတို့အုပ်စုသည် တီချယ့်အားမနက်ပိုင်းစောင့်နေကြလည်း မ‌စောင့်ဖြစ်ပေ။အဘယ်‌ကြောင့်ဆိုသော် ယနေ့အင်္ဂါနေ့သည်တွယ်တာတို့ first yr အဖို့အပင်ပန်းဆုံးနေ့ဖြစ်သည်။မနက် ၉:၀၀ နာရီမှစ၍ ညနေ ၃:၀၀ နာရီအထိအတန်းအချိန်အပြည့်ရှိသောနေ့ပင်ဖြစ်သည်။တီချယ်မှာလည်း welcome ကိစ္စများဖြင့်မအားပေ။ညဘက်ရောက်ပြန်တော့လည်း တွယ်တာသည်အိမ်စာများလုပ်နေရသဖြင့်အလုပ်ရှုပ်နေသည်။တစ်ဖန်တီချယ်လည်း online class သင်တန်းများဖြင့်မအားပေ။

(ဤသို့ဖြင့်ထိုသူနှစ်ဦး၏ ro ခြင်းဇာတ်လမ်းအား မင်မင်မရေးလိုက်ရပါ ဟိဟိ🤭)
_________________
ယနေ့ဗုဒ္ဓဟူးနေ့သို့ပင်ရောက်လာခဲ့လေသည်။

🎶 မေ... အမှောင်ထဲက ငွေကြယ်များထက်
     မင်းမျက်၀န်းများလင်းပါလား....
     မေ... စံပယ်ပွင့်ထက်...
     ဖြူစင်လွန်းတဲ့ အသားလေး၀င်းနေတယ်...🎶

မောင်လည်း အိပ်ချင်မူးတူးဖြင့် -

“ဟယ်လို ဘယ်သူလဲ”
“အော် ကျမနာမည်မမှတ်ထားဘူးပေါ့ ဟုတ်လား”
“အယ် တီချယ် မမှတ်ထားတာမဟုတ်ပါဘူး အိပ်ချင်မူးတူးဖြစ်နေလို့ contact ကိုမကြည့်မိလိုက်တာ ဘာလို့လည်းတီချယ်”
“၈:၀၀ နာရီကျရင်လာခေါ်လို့ပြောမလို့”
“ဟင် အစောကြီးကိုခုဘဲ ၇နာရီ ထိုးတော့မယ် ၉:၀၀နာရီမှခေါ်လို့မရဘူးလား နည်းနည်းလောက်အိပ်ချင်သေးလို့”
“မရဘူးး လိုတာတွေသွား၀ယ်ရမှာ ၈:၀၀ လောက်သွားမှအဆင်ပြေမှာ။ထားပါ ရပါတယ်မလိုက်ပို့ချင်လည်းတစ်ယောက်ထဲသွားလိုက်ပါ့မယ်လေ”

လေပြည်လေးဖြင့်ပြောနေသော သူမကြောင့် အိပ်ချင်နေသောတွယ်တာမောင်မှာမျက်လုံးများပင်ပြူးရလေပြီ။

“စတာ လာမှာ လာမှာ ၈နာရီမထိုးခင်ရောက်အောင်လာခဲ့မယ်။တစ်ယောက်ထဲတော့မသွားပါနဲ့တီချယ်ရယ် တကယ်ဘဲ ဟူးးး”
“စိတ်ပူတယ်ပေါ့”
“‌ပူတာပေါ့ ကိုယ့်တီချယ်ဘဲ”
“ဟုတ်ပြီ ဟုတ်ပြီ ဒါဆိုဒါဘဲ ရေချိုးအုံးမယ်”
“ဟုတ် ဒါနဲ့တီချယ်ဘယ်မှာလာခေါ်ရမှာလည်း ကျောင်းမှာလား အဆောင်မှာလား”
“အဆောင်ကနေလာမှာ ဇီဇဝါလမ်းထိပ်မှာဘဲစောင့်နေ ရောက်ရင်ဖုန်းဆက်”
“ဟုတ်”

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now