နောက်တစ်နေ့ ~
🎶 မေ... အမှောင်ထဲက ငွေကြယ်များထက်
မင်းမျက်၀န်းများလင်းပါလား....
မေ... စံပယ်ပွင့်ထက်...
ဖြူစင်လွန်းတဲ့ အသားလေး၀င်းနေတယ်...🎶“ဟယ်လို အန်တီ”
“ပေါက်စ”
“ဗျာ....”
“၈နာရီကျရင်အန်တီလာခေါ်မယ်နော်”
“အစောကြီးကိုအန်တီ”
“အွန်း ဒီနေ့ရွှေတိဂုံဘုရားပါသွားချင်လ်ို့လေ”
“အော် ဟုတ်ဟုတ်အန်တီ ဒါနဲ့ တွယ်တာ မြန်မာ၀မ်းဆက်ကြီးမ၀တ်ချင်ဘူးနော်”
“မ၀တ်လည်းရပါတယ်ရှင်”
“ရေးးး”
“ရေချိုးလို့ရတယ်မလား အန်တီဟိုနေ့ထဲကမချိုးရသေးတော့မနေတတ်ဘူး”
“ချိုးချင်လည်းချိုး မြန်မြန်တော့ချိုးနော်”
“ဟုတ် bb အန်တီ”
“bb ပေါက်စ”တွယ်တာလည်းရေမိုးချိုးကာ ပေါ့ပေါ့ပါးပါး၀တ်နေကျစတိုင် T shirt အင်္ကျီအဖြူအပွနှင့် pants ဘောင်းဘီအညိုအား၀တ်ဆင်၍ လက်ရှည်အမဲရောင်ကိုအပေါ်ထပ်အဖြစ်၀တ်ဆင်ကာ အောက်ထပ်သို့ဆင်းလာခဲ့လေသည်။
“သမီးသွားတော့မှာလား အစောကြီးကို”
“ဟုတ်မေကြီး အန်တီကရွှေတိဂုံဘုရားသွားချင်လို့တဲ့အဲ့တာကြောင့်စောစောလာခေါ်တာ”
“အော် ဘုရားသွားမှာကိုဒီလို၀တ်လာတယ်ဟုတ်လား”
“ဘာလို့လဲမေကြီးရဲ့ ဟီးဟီးလှပါတယ်”
“ဘုရားကို ဘောင်းဘီကြီးနဲ့မသင့်တော်မှာဆိုးလို့ပါ”
“ရပါတယ် မေကြီးရဲ့အတိုအပြတ်တွေ၀တ်တာမှမဟုတ်တာ”
“အေးပါအေ အေးပါ ညည်းကိုငါမနိုင်ဘူး ညည်းသိင်္ဂီကိုအရမ်းမဆိုးနဲ့နော်”
“မဆိုးပါဘူးမေကြီးရဲ့ အန်တီကတွယ်တာ့ကျေးဇူးရှင်တစ်ယောက် အန်တီတစ်ယောက်လိုဘဲမို့နည်းနည်းတော့ဆိုးမိတယ် ဒါပေမယ့်အန်တီစိတ်ပျက်ရလောက်အောင် စိတ်ရှုပ်လောက်အောင်ထိတော့မဆိုးပါဘူး”
“ဟုတ်ပါပြီကွယ် မုန့်ဟင်းခါလေးစားသွားအုံး သမီးအကြိုက်ဆိုင်ကနေ ချစ်စုကို၀ယ်ခိုင်းထားတာ”
“ဟီး ဟုတ်မေကြီး စားသွားမယ်”
“ဒါဆို ချစ်စုထည့်လိုက်တော့မယ်နော် မမလေး”
“အွန်းထည့်လိုက် ချစ်စု”
“ဟုတ် မမလေး”တွယ်တာလည်းမုန့်ဟင်းခါးစားနေချိန်တွင်
တီ....တီ....တီ....(ကားဟွန်းတီးသံ)
“ဟော အန်တီလာပြီထင်တယ်”
“ချစ်စု တံခါးသွားဖွင့်ပေးလိုက်အုံး”
“ဟုတ် တီခင်"

YOU ARE READING
ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)
Romanceချစ်တယ် မောင့်အညိုရောင်လေး🤎 𝐁𝐚𝐬𝐞𝐝 𝐨𝐧 𝐚 𝐭𝐫𝐮𝐞 𝐬𝐭𝐨𝐫𝐲 ❤️🩹