Part - 14

370 14 2
                                    

“တီချယ်.....တီချယ်”(တွယ်တာမောင်)
ဒေါ်မှုံနံ့သာမေတစ်ယောက်တော့ အတွေးလွန်ကာနေလေသည်။မင်္ဂလာပွဲအထမြောက်သွား၍ တွယ်တာမောင်တစ်ယောက်ပြန်ဆင်းလာပြီး သူ့အနားမှာရောက်နေသည်ကို သတိမထားဘဲအတွေးသံသရာထဲပိတ်မိနေသည်။
“တီချယ်လို့....”(တွယ်တာလည်းပုခုံးအားလှုပ်ကိုင်၍ခေါ်လိုက်လေသည်။)
“ဟင် ဟင်”( နောက်ဆုံးတော့ဒေါ်မှုံနံ့သာမေတစ်ယောက်တွေးထဲမှနိုးထလာလေပြီ)
“ဘာတွေငေးပြီး ဘာတွေတွေးနေတာလည်းတီချယ် ဘာလည်း တွယ်တာကို‌လှလို့‌ငေးနေတာမလား ဟိဟိ”
“ဖြစ်ရမယ် ကိုယ့်ဘာသာ သတို့သားနဲ့သတို့သမီးကိုငေးနေတာ”
“အံမယ် အံမယ် ဟုတ်လို့လား”
“ဟုတ်ပါတယ်ဆိုနေ”
“ဟိ တီချယ့်ပါးတွေကနီနေတာဘဲနော် ပါးနီဆိုးလာတာလား”

မေတစ်ယောက်သူခိုးလူမိသည့်အတိုင်း သူ့အရိုင်းပန်းလေးကိုငေးတာ အငေးလွန်ပြီးဟိုကစတော့ရှက်ကာပါးများပင်နီရဲနေလေသည်။

“တွယ်တာမောင်!!!”
“အားလားလားး ဖြေးဖြေးအော်ပါ တီချယ့်အချွဲ‌လေးနားမှာထိုင်နေတာကို အကျယ်ကြီးခေါ်နေတယ် တော်သေးတာပေါ့ သီချင်းသံတွေကြောင့်ဘေးဝိုင်းတွေမကြားတာ”
“စိတ်တိုအောင်လာစနေတာဘယ်သူလဲ”
“ဟုတ်ပြီ ဟုတ်ပြီ မစတော့ဘူးနော် စိတ်ဆိုးနေတဲ့ ဒေါသမီးလေးပြေသွားအောင် ရေခဲမုန့်ချိုချိုလေးစားကြမယ် လာ”
“ဘာမှလည်းမဆိုင်ဘူးး”
“ဆိုင်တာပေါ့ ပူနေတဲ့မီးကိုရေအေးအေးလေးလောင်းတော့ငြိမ်းသွားတယ်လေ အဲ့လိုဘဲ ဟောဒီကလူဆိုးမရဲ့မျက်နှာလေးမှာ ဒေါသထွက်နေတော့အပြုံးလှလှလေးကပျောက်နေတယ် အဲ့ကြောင့်ရေခဲမုန့်ချိုချိုအေးအေးလေးစားပြီးဟောဒီကအချွဲလေးကိုမပြုံးပြ‌ချင်ဘူးလား ဟင်”

တွယ်တာမောင်၏လေပြည်လေးဖြင့်ချွဲချွဲနွဲ့နွဲ့စကားပြောတတ်မှုကြောင့် မေ့ရင်ထဲကအကောင်ငယ်လေးမှာခုန်ပေါက်ကာ မျက်နှာနုနုလေးထက်၀ယ်အပြုံးချိုချိုလေးတစ်ပွင့် ပွင့်လန်းလာမိသည်။မျက်စောင်းလှလှလေးဖြင့်ကြည့်ကာအပြုံးလေးဖြင့် -

“ချော့တတ်တယ်နော် စကားတွေလည်းတော်တော်ပြောတတ်နေတာ ဟင်းးဟင်းး”
“ဒါတွေဟာ ရင်ထဲကလာတဲ့အစစ်အမှန်စကားအစစ်‌တွေမို့တီချယ့်တစ်ယောက်ထဲအတွက်ပါ လာပါရေခဲမုန့်တွေအရည်ပျော်တော့မယ် စားကြရအောင်”
“အင်းး စတော်ဘယ်ရီပါလား”
“ပါတာပေါ့ ‌စတော်ဘယ်ရီနဲ့ချောကလက်နှစ်ခုဘဲရှိလို့ တီချယ်ဘယ်ဟာကြိုက်မှန်းမသိလို့ တစ်မျိုးစီယူလာတာ စတော်ဘယ်ရီကြိုက်တာလား”
“ဟုတ်တယ် စတော်ဘယ်ရီကြိုက်တယ် ဖျော်ရည်ဆို စတော်ဘယ်ရီဖျော်ရည်ဘဲသောက်တာများတယ်လေ တွယ်တာကကော”
“တွယ်တာကချောကလက် ခရေစီ”
“ဟားးဟားးဆန့်ကျင်ဘက်တွေနော်”
“ဟုတ်ပ တီချယ်ရယ်”

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now