Part - 15

297 13 0
                                    

Next Day ~
ကျောင်း၌တွယ်တာမောင်လည်း အဆောင်အောက်တွင်ကားထိုးပြီးလျှင် ခရေလမ်းမှအုတ်ခုံ‌တွင်ထိုင်နေကြသည့်သူငယ်ချင်းနှစ်ယောက်ထံလမ်းလျှောက်၍သွားနေလေသည်။ထိုအချိန်‌တွင် -

“တွယ်တာ”
“အော် ကိုမင်းခန့်”
“ဟိဟိ ‌ကျွန်တော်နာမည်မှတ်မိတယ်ပေါ့”
“ကျွန်မဒီလောက်တော့လည်း မှတ်မိပါတယ်”
“ဟုတ် ကန်တင်းသွားကြမယ်လေ ကျွန်တော်၀ယ်ကျွေးပါ့မယ်”
“အာမရဘူးးခ ဒီနေ့အတန်းချိန်ရှိလို့ပါဟိုမှာ‌လေသူငယ်ချင်း နှစ်ယောက်စောင့်နေလို့ခ”

တွယ်တာမောင်လည်း သူငယ်ချင်းနှစ်ယောက်ကိုထိုးပြလိုက်လေသည်။အမှန်တော့အတန်းမရှိနေပါ။တွယ်တာတို့အုပ်စု တီချယ်မှုံနံ့သာမေ ကိုလာစောင့်နေခြင်းဖြစ်သည်။

“အော် ဟုတ် ဒါဆိုကျွန်တော်သွားတော့မယ်နော်”
“ဟုတ်”(တွယ်တာသည်တစ်လုံးထဲဖြေပြီးထွက်လာလေသည်။)
“ဟဲ့တွယ်တာ”(နန်း)
“အဲ့တာက....”(၀ဿန်)
“နင်တို့နော်....အဲ့အကြည့်တွေပြင်😒 ငါသိနေတယ် မနေ့ကငါတို့အသိမင်္ဂလာဆောင်သွားရင်း လာနှုတ်ဆက်လို့ရင်းနှီးသွားတာ အဲ့တာငါတို့ကျောင်းကတဲ့ နင်တို့သိလား”
“ဟင့်အင်း”(နန်းကတော့အနေအေးသူပီပီဘာမှမသိပေ။)
“သိသားဘဲ” (၀ဿန်)
“Who???”(တွယ်တာ)
“အဲ့တာ မြန်မာစာဌာနက မြန်မာစာပါ‌မောက္ခရဲ့သား”
“ဟင်”(ဒီတစ်ခါလန့်ရသူမှာ တွယ်တာမောင်ပင်)
“ဟုတ်တယ် အဲ့ကောင်လေးကချောလည်းချောလည်း ဘက်စုံလည်းတော်တာနော် သူ့သတင်းကသူတို့ဌာနတင်မဟုတ် အခြားဌာနတွေပါမွှေးနေတာပြီးတော့သူကသူတို့ မြန်မာမေဂျာရဲ့ king တဲ့”
“သတင်းကစုံလိုက်တာဟယ် နင်မသိတာဘာရှိသေးလည်း” (နန်း)
“၀ဿန်မိုးပါ တစ်ကျောင်းလုံးရဲ့သတင်းသိနေသူမို့ ဒီလောက်ကတောပါမွှားလေး
“အဲ့ဆိုတီချယ်မှာ ကောရည်းစားရှိလား နင်သိလား”(တွယ်တာမောင်)
“ဟဲ့ အဲ့တာကတော့ငါဘယ်သိမလဲ သိချင်နင့်ဘာသာမေးပါလား”
“ဟွန်းး😒”
“တွယ်တာ ဟိုမှာနင့်တီချယ်”(နန်း)
“ဟီးးလှလိုက်တာ အပြာလေးနဲ့လည်းလိုက်တာဘဲ”
“နှာဘူးမ မျက်စိနောက်တယ် သွားမြန်မြန်”(၀ဿန်)
“သွားမှာ သွားမှာ”
“ကြွကြွ”

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now