"ဟင်းး ဘာလိုလိုနဲ့မနက်ဖြန်ဆိုသောကြာနေ့ရောက်ပြီကျောင်းကပိတ်တော့မယ်"(၀ဿန်)
"ဟုတ်ပ ငါ့ချစ်ချစ်လေးကို ၂ရက်တောင်မတွေ့ရဘဲနေအုံးမယ်"(နန်း)
"နှာဘူးးမ"(၀ဿန်)
"နင်လေ နှာဘူးက"(နန်း)
"အံမယ် နင်တို့နှစ်ကောင်လုံးကတူတူဘဲ နှာဘူးတွေဒါနဲ့နင်တို့တီချယ့်ကိုတွေ့မိကြသေးလား"
"နင် လည်းမယားတာရူးး" (သူငယ်ချင်းနှစ်ယောက်မှာ သံပြိုင်ပြောကြလေသည်)
"နင်တို့ကလည်း ဘာမယားလည်း ငရဲတွေကြီးကုန်တော့မယ် မယားတာမရူးပါဘူးး ချစ်မိသွားတာဟချစ်မိသွားတာ"
"အဲ့တာလည်းရူးတာဘဲလေ တူတူဘဲ"(၀ဿန်)
"မနေ့ကလေ တီချယ့်အကောင့်ထဲ၀င်မွှေတော့ တီချယ့်ပုံလေးတွေကချစ်စရာလေးတွေဟယ် ဟိဟိပြောရင်းနဲ့တောင်ချစ်လာပြီ ဟီးးးး"
တွယ်တာ့သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မနိုင်တော့ဘူးဟူသောအကြည့်ဖြင့်ခေါင်းခါနေလေသည်။
"အဲ့တာကြောင့် ပြောပါတယ်"(နန်း)
"တွယ်တာမောင်ဟာ မယားတာရူးပါလို့"(၀ဿန်)
"အင့်ဟယ် အင့်ဟယ် ဖျန်း ဖျန်း" (မောင်သည်သူငယ်ချင်းနှစ်ယောက်အား တစ်ယောက်တစ်ချက်စီ လက်မောင်းသို့ရိုက်လိုက်လေသည်။)
"နာတယ်ဟ"(၀ဿန်)
"အေ့လေ နာတယ်"(နန်း)
"နာရင်ခံလေ ခံ သေလိုက် လာကန်တင်းသွားမယ် ဗိုက်ဆာတယ်"(တွယ်တာ)
"မရဘူးးဒီနေ့ပြေးလို့မရဘူးး zool တီချယ်ကြီးအချိန်ဟ"(၀ဿန်)
"အော် အေးအေး"(တွယ်တာ)
"ဟောပြောရင်း တီချယ်ကြီးလာပြီ"(နန်း)
"မင်္ဂလာပါ ကလေးတို့"
"မင်္ဂလာပါ တီချယ်ကြီး"
"တီချယ်ကြီးစကားနည်းနည်းပြောစရာရှိတယ်"
"ဟုတ်ကဲ့" (ကျောင်းသား/သူများအသံ)
"နောက်အပတ်သောကြာနေ့ကြရင် မောင်မယ်သစ်လွင်ကြိုဆိုပွဲရှိတယ်။ဒီတစ်ပတ်ကအခမ်းနားမှူးလုပ်မယ့်ဆရာမတစ်ယောက်နေမကောင်းလို့ မလုပ်ဖြစ်တာ အဲ့တာနောက်အပတ်အခမ်းအနားပြင်ဆင်ရင်ကလေးတို့ဝိုင်းကူပေးလိုက်ကြအုံးနော်"
"ဟုတ်ကဲ့ပါ တီချယ်ကြီး"(ကျောင်းသား/သူများအသံ)
"အေးအေး စာနည်းနည်းပါးပါးသင်ရအောင်"
"ဟုတ်ကဲ့"(ကျောင်းသား/သူများ)
မိနစ်၃၀ ခန့်စာသင်ပြီးသောအခါ -
"ကဲ ဒါဆိုဒီနေ့ကဒီလောက်ဘဲနော်။အားလုံးဘဲ မင်္ဂလာပါ"(တီချယ်ကြီး)
"မင်္ဂလာပါ တီချယ်ကြီး ကျေးဇူးတင်ပါတယ်တီချယ်ကြီး"(ကျောင်းသား/သူများ)
___________________
"ဟဲ့ဒီနေ့နွယ့်ကိုတွေ့မိကြလား"(တွယ်တာ)
"မတွေ့မိဘူး"(နန်း)
"ငါလည်းမတွေ့ဘူးး မနေ့ထဲကနော်"(၀ဿန်)
"အေးဟုတ်တယ် ဟူးးးးငါ့နွယ်လေးကိုလွမ်းလိုက်တာ😔"(တွယ်တာ)
ထိုအချိန်ရုတ်တရက် -
"ဟိတ် ကလေးတွေ ဘာတွေပြောနေကြတာလဲ"(မြတ်)
"ဟို နွယ့်ကိုမတွေ့ ဟမ်...မဟုတ်ပါဘူး ဘာမှမပြောပါဘူးးတီချယ်"(တွယ်တာ)
"တွယ်တာမောင်တစ်ယောက်တော့သိပ်မရိုးဘူးနော် စကားများအထစ်ထစ်အငေါ့ငေါ့နဲ့ သိနေတယ်သိနေတယ်"(မြတ်)
"ဟင် သိနေသလိုမဟုတ်ဘူးနော်"(တွယ်တာ)
"ဘာမဟုတ်တာလည်း"(မြတ်)
"တီချယ်ဘဲ သိနေတယ်ဆို"(တွယ်တာ)
"ငါပြောတာအတန်းပြေးမှာသိနေတယ်လို့ပြောတာ"(မြတ်)
"ဟွန့် တီချယ်မြတ်ကလည်း အတန်းချိန်ပြီးသွားတာပါ အတန်းပြေးဖို့မဟုတ်ပါဘူး သွားတော့မယ်နော် တီချယ်မြတ်"(တွယ်တာ)
"အေးအေးဟုတ်ပြီ ဒေါ်နွယ်"(မြတ်)
"ဟင်"(တွယ်တာ)
(မြတ်ကဒေါ်နွယ်ဟုပြုံးစိစိဖြင့်ပြောလိုက်သောကြောင့် မောင့်မှာတော့ မျက်နှာအရဲသားဖြင့် မှင်သက်နေမိသည်။၀ဿန်နှင့်နန်းမှာတော့ အာဗြဲကြီးတွေဖြင့်ထပြီးရယ်ကြလေတော့သည်။
"ဟားးဟားးးဟားး" (၀ဿန်နှင့်နန်း)
"ဟဲ့ နင်တို့ဘာရယ်နေတာလဲ"(တွယ်တာ)
"ဘာမှမရယ်ပါဘူး"(နန်း)
"အေးလေ"(၀ဿန်)
"ရယ်နေတာကိုမရယ်ဘူးတဲ့ ငါလုပ်လိုက်ရ တော်ပြီနင်တို့ကိုမခေါ်တော့ဘူး ငါသွားတော့မယ် တီချယ်တွယ်တာသွားတော့မယ်"
"အေးးအေးသမီးဂရုစိုက်.....ဟယ်ဆုံးအောင်တောင်နားထောင်မသွားဘူး"(မြတ်)
(စကားပင်ဆုံးအောင်နားမထောင်ဘဲ တွယ်တာမောင်တစ်ယောက်ရှက်ရှက်ဖြင့်လှည့်ထွက်သွားလေသည်။)
"ဟားဟား တွယ်တာမောင်တို့များ ကုလားမနိုင်ရခိုင်မဲ"(၀ဿန်)
"အေးလေ သူ့ဘာသာတစ်နွယ်ထဲနွယ်နေပြီး"(နန်း)
"လိုက်ချော့လိုက်ကြအုံးးလေ"(မြတ်)
"မရတော့ဘူးတီချယ် လိုက်ချော့လည်းမမှီတော့ဘူး မနက်ဖြန်မှဘဲချော့တော့မယ် ဟားဟားးရယ်ရတာအူတောင်နာတယ်"(၀ဿန်)
"ဒါနဲ့တီချယ်ကဘယ်လိုသိသွားတာလည်း"(နန်း)
"အမလေး အဲ့တာလေးများ ကျမအသက် ၂၈ နှစ်ပါကျမသူငယ်ချင်းအပေါ်ကိုကြည့်တဲ့ သူ့အကြည့်တွေကြည့်တာနဲ့တင် အရောင်တွေပါနေမှန်းသိတယ်။ပြီးတော့စောစောက နွယ့်ကိုတွေ့မိကြလား မနေ့ထဲကမတွေ့ဘူး ငါ့နွယ်လေးကိုလွမ်းလိုက်တာဆိုပြီးပြောနေကြထဲက ကျမကဟိုအကွယ်မှာရောက်နှင့်ပြီးကြားနေရပြီ "(မြတ်)
"အော် ယဲစ့်တီချယ်အတော်ဆုံးဘဲ သမီးသူငယ်ချင်းလေးကို အောင်သွယ်ပေးလိုက်နော် တီချယ်"(၀ဿန်)
"ဟင်းးးဒါပေမယ့်....."(မြတ်)
“ဟင် ဘာလို့လည်း တီချယ်”(နန်း)
"ဘာမှမဖြစ်ပါဘူးးကွယ် တီချယ်မသွယ်ပေးလည်းအဆင်ပြေသွားမှာပါလို့ပြောမလို့"(မြတ်)
"အော် တီချယ်ကလည်း ရင်ထဲကိုထိတ်သွားတာဘဲ"(နန်း)
"အေးလေ တီချယ်ကလည်း သမီးတို့သွားတော့မယ်နော်ဗိုက်ဆာလာပြီ"(၀ဿန်)
"အေးပါအေးပါ"(မြတ်)
"တာတာ့ တီချယ်"(နန်း)
_____________________
မောင်လည်းကားမောင်းလာသည့်လမ်းတစ်လျှောက်လုံး တီချယ်စလိုက်တာကြောင့်ရှက်ကလည်းရှက် တီချယ်မြတ်တကယ်သိနေပြီလားဟူသောအတွေးအများစွာဖြင့် အိမ်သို့ရောက်လာလေသည်။
တီတီတီတီ......(ကားဟွန်းတီးသံကြား၍ချစ်စုမှာတံခါးလာဖွင့်ပေးလေသည်။ကားပေါ်ကဆင်းဆင်းခြင်း)
"ဟာ ကိုကြီး ကိုငယ် မတွေ့တာတောင်ကြာပြီ"(တွယ်တာ)
"ဒီကောင်မလေးကတော့ ဘာကြာတာလဲ ငါတို့နှစ်ယောက်ကုမ္ပဏီမှာအလုပ်များပြီးအိမ်ပြန်မလာဖြစ်တာ ၂ ရက်ဘဲရှိသေးတာကို"(ထူးမောင်)
"ဟုတ်ပ ငထူးရယ် တို့ညီအစ်ကို ကိုသူလေးမေ့နေပြီထင်တယ်"(ထူးအောင်)
"မဟုတ်ရပါဘူးဗျာ ကိုကြီးတို့မရှိတော့ ဘယ်မှမသွားရဘူးလေ အဲ့တော့ ၂ ရက်က ၂နှစ်လောက်ကြာနေသလိုဘဲခံစားနေရတာ"(တွယ်တာ)
"အံမယ် စကားတွေအတော်တတ်နေတာ ဒီကလေးမ"(ထူးမောင်)
"ကဲပြော ဘယ်သွားချင်နေပြီလဲ"(ထူးအောင်)
"ဟီးး Bar....."(တွယ်တာ)
"ထင်သားဘဲ ညကျရင်သွားမယ် မနက်ဖြန်ကျောင်းရှိ သေးတယ်နော်အဲ့တာကြောင့်အများကြီးမသောက်ရဘူးနော်"(ထူးမောင်)
"ဟုတ်ကဲ့ပါဗျ ဒါနဲ့ဖေကြီးနဲ့မေကြီးကိုကော"(တွယ်တာ)
"ကျွန်တော်မျိုးတို့ဘဲအသိပေးလိုက်မယ် ကိုယ်တော်မြတ်ခင်ဗျ"(ညီအကိုနှစ်ယောက် သံပြိုင်)
"ဟုတ်ပါပြီ မောင်မင်းတို့ ဒါဆိုငါကိုယ်တော်မြတ်အပေါ်သို့ကြွချီတော်မူပြီ"(တွယ်တာ)
“ဟိုကလေးတွေ စကားပြောတာအထဲ၀င်ပြောကြလေးအပြင်ကြီးမှာ”(ဒေါ်ခင်သူဇာ)
"ဟုတ် အန်တီ”(ထူးမောင်)
“ဟုတ်ကဲ့”(ထူးအောင်)
“အော်မယ်တော်ဘဲ သမီးတော်လေးရေချိုးရန်အတွက်အပေါ်သို့ကြွချီတော်မူလိုက်ပါအုံးမယ်မယ်တော်ဘုရား”(တွယ်တာ
"တယ် ခေါက်ထလိုက်ရ ရွှတ်နောက်နောက်နဲ့ ဒီကောင်မလေး"(ဒေါ်ခင်သူဇာ)
“ဟီးးးး ပြေးပြီဗျို့”
(မောင်သည် လှေကားပေါ်သို့ အော်ကာပြေး၍တတ်သွားလေသည်။တွယ်တာ့အပြုအမူလေးတွေကိုပြုံး၍ကြည့်နေကြသူတွေမှာ မောင့်မိခင်ဒေါ်ခင်သူဇာ၊အစ်ကိုဖြစ်သူနှစ်ဦး၊ကြီးတင်နှင့်ချစ်စုတို့ဖြစ်ပေသည်။အဘယ်ကြောင့်ဆိုသော် မောင့်အားလွန်ခဲ့သော ၂နှစ်အတွင်းတွင် အခန်းထဲ၌မှိုင်ထွေထွေဖြင့်သာမြင်ခဲ့ကြရသောကြောင့်ဖြစ်ပေတော့သည်။)
__________________
မောင်သည်ရေမိုးချိုးပြီး ခဏတစ်ဖြုတ်နားကာဖုန်းသုံးနေရင်း -
“ဟုတ်သားမေ့နေ့တာ တီချယ်မြတ်ကိုမေးစရာတွေရှိသေးတာဘဲ အင်းးတော်သေးတယ် Active now နေလို့” ဟုပြောကာ messager မှစာစပို့လိုက်လေသည်။
“hello တီချယ်” 2မိနစ်အကြာမှ ~
“အေးပြောလေ သမီး”
“ဟိုမေးစရာလေးရှိလို့တီချယ်”
“ဘာလဲရှင့်ရဲ့နွယ်လား”
“ဟာ......တီချယ်ကလည်း”
“မဟုတ်လို့လား”
“ဟီးးဟုတ်တယ်တီချယ်”
“ကဲ မေးဘာမေးမလို့”
“ဘာလို့တီချယ်မှုံကျောင်းမလာတာလည်းသိချင်လို့”
“ဘယ်လာမလဲ ရှင့်တီချယ်နေမှမကောင်းတာ”
“ဟင် ဟုတ်လား ဘာဖြစ်တာလဲ တီချယ်”
“အဲ့တာတော့ကျမလည်းဘယ်သိမလဲရှင် သိချင်ရှင်လေးကိုယ်တိုင်သွားမေး”
“ကြောက်လို့🥺”
“ဘာကြောက်စရာရှိတုန်း သွားမေးသွားသူလိုင်းသုံး နေတယ် တကယ်စိတ်ပူရင်ခုသွားမေးနော်”
“ဟုတ်ကဲ့☹️”
“အော် ဒါနဲ့တီချယ်”
“ဟေ ဘာဖြစ်ပြန်လဲ”
“တီချယ်မှုံကို သမီးသဘောကျနေတာ သွားမပြောနဲ့နော်🥺”
“ဟားဟားအေးပါကွာ မပြောဘူး”
“ဒါဘဲဒါဘဲ ကိုယ့်နွယ်နဲ့ကိုယ်သွားပြော”
“ဟွန့် ဘိုင့်ဘိုင့်”
“အေးအေး ဘိုင့်ဘိုင့်”
(မပြောနဲ့ဟုတားလိုက်ပေမယ့် ကိစ္စတစ်ခုကိုမလျှိူ့ဝှက်တတ်သောတီချယ်မြတ်သိသွားခြင်းဟာ Zoology တစ်မေဂျာလုံးမှဆရာမများသိသွားခြင်းနှင့်တူတူပင်ဖြစ်သည်ဆိုတာ မောင်တစ်ယောက်မသိပေ။)
တီချယ်မြတ်နဲ့စကားပြောပြီးနောက် မောင်သည်သူ၏တစ်ဦးဆိုင်လေးနွယ်အားစာပို့ရန်ဖျက်လိုက်ရေးလိုက်ဖြင့် ၅မိနစ်ခန့်အလုပ်ရှုပ်နေရာမှ နောက်ဆုံးရောက်သွားသောစာမှာ -
“တီချယ်” (စာရေးသူbe like - ငါ့အတိုင်းဘဲသမီးတော်တွယ်တာမောင်ရယ်🥹)
“ရှင် ကလေး”
“တီချယ် နေမကောင်းဘူးဆို”
“ဟုတ်တယ်ကလေးရယ် ဒါပေမယ့်သက်သာနေပါပြီကွယ် ကလေးကိုဘယ်သူပြောလိုက်တာလဲ”
“တီချယ်မြတ်”
“ဒင်းကတော့လား”
“တွယ်တာမေးလို့တီချယ်မြတ်ကပြောတာပါ တီချယ်မြတ်မှာအပြစ်မရှိပါဘူးး”
“ဟော ကလေးရယ်ကျမက ရှင့်တီချယ်မြတ်ကိုအပြစ်ပြောနေတာမဟုတ်ပါဘူး”
“မဟုတ်ပါဘူးး တီချယ်အထင်လွဲမှာဆိုးလို့ရှင်းပြတာပါ”
“တီချယ် တကယ်သက်သာတာလားဟင်”
“တကယ်ပါကွယ် မနက်တောင်တီချယ်ကျောင်းလာမှာပါ”
“ဟုတ်လား တွယ်တာတို့လာခေါ်ရမလား ခုမှနေမကောင်းပြီးထားခါစဆိုတော့”
“ရပါတယ်ကွယ် အပြောလေးနဲ့တင် တီချယ်တော်တော်သက်သာနေပါပြီ”
“ဟီးတီချယ်ကလည်း ဒါဆိုသေချာဂရုစိုက်လာနော် တွယ်တာကစိတ်ပူတယ် ခရေလမ်းမှာတော့စောင့်နေမယ်”
“သဘောပါကွယ်”
“ဟုတ်ဟုတ် ဒါဆိုစောစောအိပ်နော် မနက်ကျောင်းလာဖို့အားရှိအောင်”
“ဟုတ်ပါပြီရှင့်”
“အဲ့ဆို Goodnight Tr💗”
“Goodnight Par shinn💕”တီချယ့်အားနှုတ်ဆက်ပြီးနောက် -
“ဟာ ငါbarသွားဖို့ပြောထားတာမေ့နေတာကျမ်းးသေစမ်း 8နာရီတောင်ထိုးနေပြီ”ဟုပြောကာအမြန်အ၀တ်အစားလဲ၍ထွက်လာလေသည်။
___________________
စကားပြောတာကအစ နူးညံ့တဲ့သက်ရှိလေး🤎17.12.2024 (Thu) 11:05 pm

YOU ARE READING
ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)
Romanceချစ်တယ် မောင့်အညိုရောင်လေး🤎 𝐁𝐚𝐬𝐞𝐝 𝐨𝐧 𝐚 𝐭𝐫𝐮𝐞 𝐬𝐭𝐨𝐫𝐲 ❤️🩹