ကျောင်းဖွင့်ရက်ကြာရှည်လာသည်နှင့်အမျှ တီချယ်နှင့်တွယ်တာမောင် တို့ချစ်သူဖြစ်နေသောသတင်းမှာလည်း တစ်စတစ်စဖြင့်ပျံ့နှံ့လာခဲ့လေသည်။ကံကောင်းသည်ကား ဤဖြစ်ရပ်ကိုကန့်ကွက်မည့်သူမရှိ။အထူးသဖြင့်မောင်သည်ဆရာမများ၏အချစ်တော်ဖြစ်နေသောကြောင့်ပိုလို့ပင်ကာကွယ်ပေးခြင်းခံရလေသည်။
"တွယ်တာ"
"ဗျာ တီချယ်မြတ်"
"တီချယ်ကြီးကလာခဲ့ပါအုံးတဲ့ သမီးတို့သူငယ်ချင်းအုပ်စုကို"
"ဟုတ် တီချယ်မြတ် တွယ်တာတို့ခုသွားလိုက်မယ်"တွယ်တာတို့သူငယ်ချင်းအုပ်စုလည်း သတ္တဗေဒပါမောက္ခရဲ့ရုံးခန်းထဲသို့ဦးတည်သွားလေသည်။
"တီချယ်ကြီး ၀င်ခွင့်ပြုပါ"
"အော် အေးသမီးတွယ်တာ လာ"
"ဟုတ် တီချယ်ကြီး"
"သမီး တို့ခဏထိုင်အုံးနော် သမီးဆရာမ မလာသေးလို့"
"ဟုတ်ကဲ့"တွယ်တာလည်း သူတို့အုပ်စုကိုကောတီချယ်ကိုကောခေါ်ထားတာဆိုတော့ မိမိတို့ကိစ္စအားသိသွား၍များခေါ်ဆူမလို့လားဟူသောအတွေး၀င်၍ပင်တစ်ယောက်ထဲလန့်နေလေသည်။တီချယ်၀င်လာသည်ကိုမသိလိုက်
"ဟဲ့ တွယ်ဝာာ"
"ဟင်"
"တီချယ်ကြီးခေါ်နေတယ်"
"ဗျာ တီချယ်ကြီး"
"အတွေးတွေဘယ်ရောက်နေလဲ ဒေါ်တွယ်တာမောင်"တီချယ်ကြီးခေါ်လိုက်သောနာမည်ကြောင့် တီချယ်မှုံနံ့သာမေနှင့်အတူ နန်းနဲ့၀ဿန်တို့လည်းပွဲကျကာရယ်မောနေလေသည်။
"ဟီးး တီချယ်ကြီးကလည်း"
"တို့ပြောတာတောင်မကြားဘူးဆို့တော့ ဘယ်ကောင်လေးဆီစိတ်ရောက်နေတာလဲ"
"မရောက်ပါဘူး တီချယ်ကြီးရယ် ကောင်လေးလည်းမရှိပါဘူး"
"သေချာလို့လား"
"သေချာပါတယ် တီချယ်ကြီးတွယ်တာတို့ကိုခေါ်တာဘာပြောမလို့လဲဟင်"
"ကျောင်းဖွင့်တာလည်း နှစ်လပြည့်ပြီဆိုတော့ တွယ်တာတို့ first year တစ်နှစ်တာပညာသင်ကာလပြီးတော့မယ်လေ အားကစားပြိုင်ပွဲကဆုရတဲ့ကလေးတွေကိုဆုပေးပွဲနဲ့ နောက်ဆုံးနှစ်တွေအတွက်နှုတ်ဆက်ပွဲလည်းလုပ်ရအုံးမယ် အဲ့တာသမီးတို့အုပ်စုကိုတိုင်ပင်မလို့ခေါ်တာ"
"အော် ဟုတ် တီချယ်ကြီးကပွဲကို main ဆောင်မှာဘဲလုပ်ချင်တာလား"
"ဟုတ်တယ် သမီး"
"ဟုတ်ပြီ ဒါဆိုအဆိုအကတွေလည်းထည့်ရမှာပေါ့"
"ဒါပေါ့...."
"ဒါဆို တွယ်တာ အစီအစဉ်ဆွဲပေးမယ်နော်.....$&#$&$#&$#&...$#&$$#$#-&$$#....."

YOU ARE READING
ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)
Romanceချစ်တယ် မောင့်အညိုရောင်လေး🤎 𝐁𝐚𝐬𝐞𝐝 𝐨𝐧 𝐚 𝐭𝐫𝐮𝐞 𝐬𝐭𝐨𝐫𝐲 ❤️🩹