Part - 9

250 11 0
                                    

At night (8:00pm) ~
(မောင်သည် jeanဘောင်းဘီအနက် အောက်ကwhiteshirt  အပေါ်ကဂျင်းကုတ်အနက်ဖြင့် ၀တ်ဆင်ထားပြီး ပုခုံးအောက်ထိခန့်ရှည်သောဆံပင်ကို ခပ်မြင့်မြင့်စည်းနှောင်ထားသည်မှာ မိန်းကလေးတွေအဖို့စွဲမက်ဖွယ်ကောင်းစရာတစ်ခုပင်ဖြစ်နေလေသည်။)
“ကိုကြီးရေ ကိုငယ်ရေ သွားကြမယ်လေ”
“အေးပါအငယ်မရယ်လာပြီ လာပြီ”
“ဟီးးမေကြီး ဘုရားမရှိခိုးသေးဘူးလား”
“သမီးကိုစောင့်နေတာလေ”
“ဘာလို့လည်းမေကြီး”
“ဒီလိုနေရာတွေဟာ မိန်းကလေးတွေသွားတာမသင့်တော်ဘူးးနော် သမီးအစ်ကိုတွေပါလို့ သမီးကိုလွှတ်တာနော် ဘာသံညာသံမှမကြားချင်ဘူးနော် ရန်ဖြစ်သံကအစပေါ့”
“ဟုတ်မေကြီး စိတ်ချပါ တွယ်တာ ဘာအမှားမှမလုပ်ပါဘူးလို့ကတိပေးပါတယ်”
“သားတို့ နင်တို့ညီမကိုအန်တီစိတ်ချမယ်နော်”
“ဟုတ်ကဲ့ အန်တီ”(ထူးအောင်)
“စိတ်ချပါ အန်တီ သားတို့ရှိသ၍ သားတို့ညီမမှဲ့တစ်ပေါက်မစွန်းစေရပါဘူး”(ထူးမောင်)

ထိုအပြောကိုပြုံး၍ကြည့်နေသူမှာ မောင့်ဖခင်ဦးဇော်မြတ်အောင်ပင်ဖြစ်သည်။ငယ်စဉ်ထဲသမီးဖြစ်ချင်သည်မှာတားဆီးခြင်းတစ်စက်မရှိ။သားသမီးဖြစ်ချင်သမျှအကုန်လိုက်လျောပေးတတ်လွန်းသောကြောင့် မောင့်အမေဖြစ်သူနှင့်ခဏခဏစကားများရသည်။နောက်ဆုံးတော့မောင့်အမေကိုယ်တိုင်ပါလက်လျှော့ရသည်အထိသားသမီးအပေါ်ချစ်တတ်သော ဖခင်ပင်ဖြစ်သည်။

“ကဲပါဟုတ်ပါပြီ မျိုးချစ်ကြီးတွေရယ်”(ဒေါ်ခင်သူဇာ)
“ဖေကြီး လိုက်ကစ်အုံးမလား”(တွယ်တာ)
“ဒီကလေးမ ငါလုပ်ထလိုက်ရဖအေကိုလာခေါ်နေတယ် ဟိုက‌လည်းနဂိုထဲကမှ‌ကစ်ချင်နေတာ”(ဒေါ်ခင်သူဇာ)
“ခင်ကလည်း ကိုမသောက်တာကြာပါပြီကွာ”(ဦးဇော်မြတ်အောင်)
“မယုံပါဘူးး ရှင်ကအလုပ်မှာခိုးသောက်ရင်သောက်နေမှာ ပြောမရဘူး”(ဒေါ်ခင်သူဇာ)
“တကယ်မသောက်ပါဘူးကွာ မယုံရင်မင်းတူနှစ်ကောင်ကိုမေးကြည့်”(ဦးဇော်မြတ်အောင်)
“ဟုတ်တယ် အန်တီရေ ဦးဇော်ကလေ အန်တီမကြိုက်တာကို အန်တီရှေ့တင်မဟုတ်ဘူးနောက်ကွယ်မှာလည်းလုံး၀မလုပ်ဘူး”(ထူးမောင်)
“ဟုတ်တယ် အန်တီအဲ့တာတော့ ဦးဇော်ကိုသားတို့အာမခံတယ်”(ထူးအောင်)
“အေးပါ အေးပါရှေ့နေကြီးတွေလိုက်ပေးနေလိုက်ကြတာ”(ဒေါ်ခင်သူဇာ)
“ကဲပါ တော်ကြပါတော့ နောက်ကျတော့မယ် ဖေကြီးမေကြီး သွားတော့မယ်နော်”
“အေးအေး သမီးလေး”(ဒေါ်ခင်သူဇာ)
“ဟုတ်ပြီကွာ အ၀ကဲခဲ့သမီး‌”(ဦးဇော်မြတ်အောင်)
“Yes Daddy!!!!”(တွယ်တာ)
“အင့်ဟယ် ကိုယ့်သမီးကိုမြှောက်ပေးချင်အုံး”(ဒေါ်ခင်သူဇာမှာဦးဇော်မြတ်အောင်၏‌ဗိုက်အားလိမ်ဆွဲလိုက်လေသည်)
“အားလားလားး နာတယ်ခင်ရေ”(ဦးဇော်မြတ်အောင်)
“လာဟိုတစ်ယောက်ကမြှောက်ပေးတိုင်း Yes ချင်အုံး”(ဒေါ်ခင်သူဇာ)
“မလာတော့ဘူးပြေးပြီ‌ဗျို့ ကိုကြီးကိုငယ် တွယ်တာကားပေါ်က‌စောင့်မယ်”(တွယ်တာ)
(နောက်ကျတဲ့ခြေထောက်သစ္စာဖောက်ဆိုတဲ့အတိုင်းအပီအပြင်ကိုပြောပြေး ပြေးသွားတဲ့တွယ်တာမောင်။ကျန်တဲ့သူတွေမှာတော့ မောင့်ကိုကြည့်တာ ရယ်ပြီးကျန်ခဲ့ကြလေသည်။)
“ဦးဇော် အန်တီခင် သွားပြီနော်”(ထူးမောင်/ထူးအောင်)
“အေးအေး ကားကိုဂရုစိုက်မောင်းနော် သားတို့(ဒေါ်ခင်မြတ်သူ)
“ဟုတ်ကဲ့”(ထူးမောင်)
“မင်းတို့ညီမကိုလည်းဂရုစိုက်”(ဦးဇော်မြတ်အောင်)
“စိတ်ချ ဦးဇော်”(ထူးမောင်)
“အဲ့တာတော့စိတ်ချ ဦးဇော်”(ထူးအောင်)
_________________
မောင်တို့ မောင်နှမသုံးယောက်သည် သွားနေကြဖြစ်သော bar သို့ထွက်လာလေသည်။ NINJA BAR ဟူသောဆိုင်းဘုတ်ရှေ့တွေကားရပ်ကာ ကားပါကင်ထိုးပြီးနောက် အထဲသို့၀င်လာကြလေသည်။
“ဟယ် မောင့်....လာပြီလား မောင်မလာတာကြာတော့စန္ဒီဖြင့် မောင့်ကိုလွမ်းနေတာ.......”ဟူ၍ချွဲနွဲ့သောအသံဖြင့်ခေါ်ပြီး မောင့်ဆီ၀င်လာသော မိန်းကလေးတစ်ဦး.....
“ကျစ်.....စန္ဒီ နောက်တစ်ခါမောင်လို့မခေါ်နဲ့တော့”(တွယ်တာ)
“ဟင့် မောင်ကလည်း အရင်က မောင်ကဘဲ မောင်လို့ခေါ်ခိုင်းတာလေ”(စန္ဒီ)
“အေးးဟုတ်တယ်အဲ့တာအရင်က ခုမဟုတ်ဘူး ပြီးရင်ထပ်မှာဘဲ ကျုပ်တို့မောင်နှမတွေစကားအေးဆေးပြောမှာမို့ ကျုပ်တို့ဝိုင်းကိုမလာနဲ့”
“လာ ကိုကြီးကိုငယ် သွားမယ်”
ဝိုင်းသို့ရောက်သောအခါ waiter ကောင်လေးအားမှာစရာရှိတာများမှာပြီးနောက် -
“ဟျောင့်ရေ ငါတို့အငယ်မ ထူးဆန်းမနေဘူးလား
အရင်ကဆိုအမျိုးသမီးတွေကိုဆိုလေသံမာမာနဲ့တောင်မပြောဖူးဘူး bar ရောက်ရင်လည်းငါတို့သိတဲ့အတိုင်းဘဲ”(ထူးမောင်)
“ဟုတ်ပ အငယ်မရယ်”(ထူးအောင်)
“ဒီလိုဗျာတွယ်တာပြောပြစရာတွေရှိတယ် အဲ့တာကြောင့် bar ကိုလာတာ တွယ်တာလေ တွယ်တာ့ကျောင်းကဆရာမလေးချစ်မိသွားလို့”(တွယ်တာ)
“သိတယ်လေ အဲ့တာ”(ထူးအောင်)
“အေးလေ တီချယ်ဆုံးသွားတာဖြင့် ၂ နှစ်ရှိနေပြီလေ နင်တီချယ်ပန်းကိုချစ်တာတောင် ၅ နှစ်ရှိပြီလေ ငါတို့သိတယ်လေ အဲ့တာ”(ထူးမောင်)
“မဟုတ်ဘူး အခုကတက္ကသိုလ်က တီချယ်”(တွယ်တာ)
“အဟွတ်....အဟွတ်.....အဟွတ်”(ထူးမောင်မှာသောက်နေတာသီးသွားလေသည်။)
“wtf !!!!ဘယ်လို ဟ ၀မ်းသာတာဟာ”(ထူးအောင်)
“အချစ်ထပ်ရှိသွားပြီပေါ့ ရေခဲတုံးကြီးကအချစ်တွေပြန်နိုးထလာပြီပေါ့ congratulation ငါ့ညီမ”(ထူးမောင်)
“နေကြပါအုံးးနားထောင်ကြအုံး ‌ဆုံးအောင်လည်းနားမထောင်ကြဘဲ ဇွတ်တွေ၀မ်းသာ‌နေကြ”(တွယ်တာ)
(ညီမဖြစ်သူ၏နှုတ်မှချစ်တယ်ဟူသောစကားကိုမကြားရသည်မှာ ၂နှစ်ကျော်ခန့်ပင်ရှိလေပြီ။ထို့ကြောင့်အံ့ဩနေကြခြင်းဖြစ်သည်။)
“အေးအေးပြော”(ထူးမောင်/ထူးအောင်)
“ဒီလိုဗျာ တီချယ်အသက်က ၂၅ - ၃၀ ၀န်းကျင်လောက်တော့ရှိမယ်ထင်တယ် သေချာတော့မသိသေးဘူးး ခုမှရင်းနှီးအောင်ကြိုးစားနေတုန်းမို့ နာမည်ကတော့ တီချယ်မှုံနံ့သာမေတဲ့ ဇော်ပိုင်ရဲ့ "ပြည့်စုံလွန်း" ဆိုတဲ့သီချင်းထဲကလိုအကုန်ပြည့်စုံနေကောဘဲ -
"ကြယ်တွေထက် အရောင်တောက်ပလွန်းတဲ့ မျက်လုံးလေးတွေ"
"စံပယ်ပွင့်ထက်ဖြူစင်တဲ့ စိတ်ထားလေး"
"တီချယ့်ကပြုံးခဲတယ်နော် ပြုံးလိုက်ရင်လည်းအဲ့အပြုံးလေးတွေမြင်လိုက်သူအဖို့ အေးချမ်းစေတယ်"
“ခန္ဓာကိုယ်ကလေ အရမ်းလည်းမပိန်ဘူး ဒါပေမယ့်၀လည်းမ၀ပြန်ဘူးး အရပ်လေးကလေ ၅ပေ၅လောက်တော့ရှိမယ်” (အို....ပြောရင်းနဲ့ချစ်လိုက်တာကိုကြီးရဲ့ကိုငယ်တို့ရာ.....)”
“သွားပြီ အငယ်မ တစ်ယောက်ဆေးမမှီတော့ဘူး”(ထူးမောင်)
“သွက်သွက်ခါသွားပြီ”(ထူးအောင်)
“ကဲပါ ကဲပါ တကယ်ချစ်ရင်တော့လက်လွတ်မခံနဲ့ပေါ့နောင်တဆိုတာနောင်မှရတတ်တယ် ငယ်လေးကြုံဖူးပြီးသားပါဟုတ်တယ်မလား ဒဏ်ရာဟောင်းမို့ပြန်မဆွတော့ဘူး”(ထူးမောင်)
“ကိုကြီး‌ပြောချင်တာတစ်ခုရှိတယ် တကယ်ချစ်ရင် လိုက် ဒါပေမယ့်ညီမလေးတန်ဖိုးထားသူကဆရာမနော်ဂုဏ်ရှိတယ် သူ့ကိုနားလည်ပေးနိုင်အောင်ကြိုးစား”(ထူးအောင်)
“ဟုတ်ကိုကြီး ကိုငယ် ‌တွယ်တာအကောင်းဆုံးပြင်ဆင်နေထိုင်ပြီး ကြိုးစားပါ့မယ် လာခု‌တော့ cheer....”
(မောင့်ဘ၀မှာ အချစ်ဆိုတာပျောက်ဆုံးခဲ့တာကြာခဲ့‌လေပြီ။ မောင့်stateကျောင်းတုန်းက သင်္ချာဆရာမလေးနဲ့အချိန်အနည်းငယ်မျှချစ်သူဖြစ်ခဲ့ကြသည်။‌အချိန်အနည်းငယ်မျှပျော်ရွှင်ခဲ့ကြရသည်။သို့သော်ကံကြမ္မာကကြာကြာပျော်ရွှင်ခွင့်မ‌ပေး။ပထမတစ်ခါရှင်ကွဲဖြင့်ကွဲခဲ့ရသည်။၂နှစ်ခန့်အဆက်အသွယ်ပြတ်သွားပြီး‌ နောက်ဆုံးအဆက်အသွယ်ပြန်ရခဲ့သော်နာရေးသတင်းဖြင့်သာအဆက်အသွယ်ရခဲ့လေသည်။ထိုအချိန်မှစ၍ မောင်သည်မိမိအဆက်အသွယ်မလုပ်ခဲ့မိတာကြောင့်ဟူ‌သောကိုယ့်ကိုယ်ကိုယ်အပြစ်တင်မှု/နောင်တများစွာဖြင့်အခန်းထဲတွင် တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်ကာ ပျော်ရွှင်မှုတွေ‌ပျောက်ဆုံးခဲ့ရသည်။သို့သော်ခုတစ်ဖန် အချစ်သစ်ဖြစ်‌ပေါ်လာသောမောင့်အတွက် ကံကြမ္မာကြီးကဒီတစ်ခေါက်ကော မောင့်ကိုပျော်ခွင့်ပေးပါအုံးမလား?????)
__________________
ကံကြမ္မာဆိုတဲ့အရာက တကယ်ကြောက်ဖို့ကောင်းတယ်။

20.12.2024 (Fri) 9:00 Am

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now