Part - 17

317 12 2
                                    

တီ...တီ...

ကားဟွန်းတီးသံ ကြားသဖြင့်ချစ်စုမှတံခါးလာဖွင့်ပေးလေသည်။တွယ်တာလည်းကားကိုစင်၀င်အောက်ထိမောင်းကာ ကားပေါ်မှအမြန်ဆင်းပြီး ဟိုဘက်အခြမ်းသို့သွားကာ အိပ်ပျော်နေသောတီချယ်အားလက်မောင်းလေးကို အသားလေးကိုင်ပြီးနှိုးနေလေသည်။

“တီချယ် တီချယ်”
“ဟင်”
“ထတော့ အိမ်ရောက်ပြီနော်”
“အင်းး အားးကျွတ်ကျွတ်”(နိုးလာသော တီချယ်လည်းနားထင်သို့လက်ဖြင့်ကိုဖိထားလေသည်)
“တီချယ်ဘာဖြစ်လို့လည်း ခေါင်းကိုက်လို့လား”
“အင်းနည်းနည်းခေါင်းကိုက်နေလို့”
“လာလာ အိမ်ထဲသွားမယ် တစ်ခုခုစားပြီးဆေးသောက်လိုက် ပြီးရင်တွယ်တာ့အခန်းထဲခဏ၀င်မှေးနေလိုက် သက်သာသွားလိမ့်မယ်နော်”
“အင်းး”
“ချစ်စု‌နောက်ခန်းထဲကပစ္စည်းတွေအကုန်ယူခဲ့”
“ဟုတ်ကဲ့ မမလေး”

တွယ်တာမောင်လည်း တီချယ့်ကိုယ်မှ ခါးပတ်လေးဖြုတ်ကာ တီချယ့်အားတွဲ၍အထဲသို့ခေါ်သွားလေသည်။ဧည့်ခန်းသို့ရောက်သော် -

“တီချယ်ဒီမှာခဏထိုင်နော် အစာတစ်ခုခုစားပြီး ဆေးသောက်ရမယ်”
“ပစ္စည်းတွေဒီမှာပါ မမလေး အယ် မမ တော်ပြီမမလေးလို့ဘဲခေါ်တော့မယ် ချစ်စု နှုတ်ကျိုးနေပြီ”
“သဘော‌သဘော ဒါနဲ့ မေကြီးကော”
“မေကြီးကဆရာမလေးစားဖို့တဲ့ဟင်းတွေ သူကိုယ်တိုင်ချက်နေတယ်မီးဖိုချောင်ထဲမှာ ချစ်စုခေါ်ပေးရမလား”
“အင်းခေါ်ပေး ပြီးရင်ဆေးအစုံထည့်ထားတဲ့ ဘူးပါယူခဲ့ပေး”
“ဟုတ် မမလေး”
“အန်တီကအားနာစရာကြီးတွယ်တာရယ် တကူးတကကြီးကို”
“အားမနာပါနဲ့ အမေကဟိုနေ့ထဲက တီချယ့်ကို‌တွေ့ပြီးနောက်ပိုင်း ထမင်းစားအရမ်းဖိတ်ကျွေးချင်နေတာ”
“အင်းပါ တို့ကအားနာလို့ရယ်”
“မမလေး ဒီမှာဆေးဘူး”
“အင်းးပြီးတော့‌လေ ရေခဲသတ္တာထဲက နို့ကိတ်တစ်ခုထုတ်ခဲ့ ချစ်စု”
“ဟုတ်ကဲ့ မမလေး”
“တီချယ် ခေါင်းဘဲကိုက်တာလားအခြားဘာဖြစ်သေးလဲ ဖျားသေးလား”

ပြောပြောဆိုဆိုဖြင့် မေ့နှဖူးပေါ်သို့ကျလာသောတွယ်တာမောင်၏ လက်နွေးနွေးလေးတစ်စုံအတွက် ရင်ဖိုရလေသည်။ဘေးမှမုန့်လာ‌ပေးသောချစ်စုကလည်းပြုံး၍ပင်ကြည့်နေလေသည်။

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now