Part - 25

465 18 3
                                    

💌🎶💌🎶

တွယ်တာလည်း အိမ်ပြန်ရောက်တော့ ဖုန်းထဲတွင် noti များစွာ၀င်နေသောကြောင့် ရင်ခုန်စွာဖွင့်ကြည့်မိသည်။သို့သော်ဆုံးသွားသည့်တိုင် မိမိစောင့်မျှော်နေသူ၏ wish ပါမလာခဲ့ချေ။

🎶 မေ... အမှောင်ထဲက ငွေကြယ်များထက်
မင်းမျက်၀န်းများလင်းပါလား....
မေ... စံပယ်ပွင့်ထက်...
ဖြူစင်လွန်းတဲ့ အသားလေး၀င်းနေတယ်...🎶

"ဟယ်လို မင်းခန့်"
"Happy birthday par တွယ်တာ"
"ကျေးဇူးပါနော်"
"မနက်ထဲကလှမ်းဆက်မလို့ဘဲ မွေးနေ့ရှင်အလုပ်ရှုပ်နေမှာဆိုးလို့"
"ဟုတ်တယ် မင်းခန့်ရယ် တစ်နေ့လုံး မအားတာ မနက်ပိုင်းကျ မိဘမဲ့ကျောင်းမှာအလှူသွားလုပ်နေတာပြီးတော့မိသားစုလိုက်ရွှေတိဂုံသွားကြတာ စောစောကမှပြန်ရောက်တာ"
"အော် တော်သေးတာပေါ့ ကျွန်တော်ညဘက်အေးဆေးမှဆက်မိလို့ ဒါနဲ့ကျွန်တော်မွေးနေ့ တီချယ်မှုံနံ့သာနဲ့တီချယ်မြတ်လည်းလာမယ်တဲ့"
"ဟုတ်လား...."
"ဟုတ်တယ် အဲ့တာတီလေးကသူ့ဌာနမှာအချစ်ဆုံးသမီးတော်နှစ်ယောက်တဲ့လေ"
"အော်...."
"တီချယ်တို့လာမှာ တွယ်တာမပျော်ဘူးလား"
"ပျော်ပါတယ်"
"တွယ်တာနဲ့တီချယ်မှုံနံ့သာနဲ့အရင်လိုတစ်ပူးပူးတစ်တွဲတွဲမတွေ့တော့ဘူးနော်"
"ဒီလိုပါဘဲ မင်းခန့်ရယ် ဒါဘဲနော် တွယ်တာနားတော့မယ် birthday wishအတွက် Thankyou ပါနော်"
"ok ပါဗျာ Goodnight Sweetdream!!"
"Thank!!"

ထို့နောက်တွယ်တာလည်းအတွေးများစွာဖြင့် အိပ်စက်ခြင်းဆီသို့.....

တွယ်တာနှင့် ၆ ရက်မျှသာကွာသောမင်းခန့်မွေးနေ့ရောက်လာလေသည်။

Min Khant Mg Birthday (At night)

"Happy birthday မင်းခန့် ဒီမှာ present "
“လက်ဆောင်မလိုပါဘူးဗျာ လူလာရင်ဘဲရနေပြီကို”
“ဟားး ဟုတ်ပါပြီ ဟုတ်ပါပြီ”
“ဦးနဲ့အန်တီ လာလေ ဟိုမှာ မေမေနဲ့တီလေးစောင့်နေတယ်”
“အေးအေး သား”

မင်းခန့်လည်း တွယ်တာမိဘတွေအား သူ့‌အမေ၊သူ့အန်တီတို့နှင့်မိတ်ဆက်ပေးပြီးနောက် အခြားသူများအား လိုက်၍ဧည့်ခံနေလေသည်။ထိုဝိုင်းမှလူအားလုံးရယ်ရယ်မောမောနှင့်စကားပြောနေကြစဉ်

ကျောက်စိမ်းမြေမှ သံယောဇဉ် (Ongoing)Where stories live. Discover now